Sunday, December 28, 2014

တန်ဖိုး

မင်းပါးပြင်က
သနပ်ခါးတွေ
ခြစ်ချပြီး
ငါ့နှလုံးသားတောင်ချွန်းပေါ်မှာ
ကိုးကွယ်ထားချင်တယ်
တောင်လှေကားအတက်အဆင်းမှာ
မင်းရင်ခုန်သံ
ငါ့ရင်ခုန်သံတွေ
ဖြန့်ကျဲထားမယ်
မင်းလက်ကလေးကိုင်ထားပြီး
ငါတိုးတိုးလေးပြောမယ်
ဒါအိမ်မက်မဟုတ်ဘူးလို့

                              ကိုချစ်တုံး

No comments:

Post a Comment