Saturday, January 17, 2015

ဆီးအောင့်ရောဂါ အတွက်

ဆီးအောင့်ရောဂါ အတွက်

ယောကျာင်္းဆီး၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများအဖို့ ဆီးရောဂါဟာ အလွန်ပဲ
ကြောက်စရာကောင်းပါတယ်။

ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်း

ကြံရည်ကိုတစ်ဖန်ခွက်မှာအပြည့်ထည့်ပါ။ ပြီးလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ(၁)ပုံ သွေး၍ထည့်မွှေပြီးသောက်
လိုက်ပါ။

ဆီးအောင့်ရောဂါသက်သာပျောက်ကင်းသွားပါလိမ့်မည်။

ချောင်းဆိုး (တီဘီ)ရောဂါ ဆေးနည်း

တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကိုပြုတ် သုံးခွက်တစ်ခွက်တင်
ကျိုသောက်ပါ။ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်သောက်ရုံ့မျှနှင့် သက်သာ ပျောက်ကင်း ပါသည်။

တီဘီရောဂါသည်များ အဖို့စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့်တူပါသည်။

မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ ရေများများသောက်ဖို့လို

သင့်မှာ အဆုတ် လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ် လေအောင့်နာ (သို့ မဟုတ်) အဆုတ်ပွ
ခြင်း (emphysema)စတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာရှိပါသလား ဒါဆိုရင် ၈ အောင်
စ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက်အထိ သောက်ပေးပါ။

အရည်က ရောင်ရမ်းနေတဲ့ လေပြွန် အထက်ပိုင်းရှိ အကျိအချွဲ (Mucus)များကို ကျဲစေတဲ့အတွက် ချောင်း
ဆိုးလိုက်တဲ့ အခါ သလိပ် တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ရေနွေးပူ၊ ဆီပူလောင်လျှင်

လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ...အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်
ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)

အညောင်းအကိုက်အတွက်ဆေးတစ်လက်

အညောင်းသမားတွေ အတွက်ပေါ့.... ဘာတွေ လုပ်လို့ပဲ ညောင်းညောင်း ကိုယ်လက် မသယ်ချင်အောင်
ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲ တတ်တဲ့ သူများ အတွက် .... ဆေးနည်း... မိဿ
လင်၊ ချင်း(ဂျင်း)တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက် ဦးရည်(မီးတောက်)နှင့် ပုလင်း တွင်
ထည့် စိမ်ထားပါ။ (ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်း
သွား စေပါသည်။

ဆေးစွမ်းထက်သည့် ကင်ပလင်းရွက်

ဆီးအိမ် ကျောက်တည်ခြင်း ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသောသံမနိုင်ရွက်ကို စားသုံး
ခြင်းတို့ဖြင့်ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်းတို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင် ကျောက်မနိုင်ဖြင့် မပျောက်နိုင်
ပါ။

ခြေအိတ်တွင်ရှိသော ကျောက်များကြေသွားပြီး သက်သာ ပျောက်ကင်းနိုင်သည် နည်းမှာ ဆေးစွမ်း ထက်
သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။

အရွက်မှာ ချဉ်သော အရသာရှိပါသည်။ ၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ် စားခြင်း၊ ရေနွေးဖြော၍ သုပ်စားခြင်း၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်း အနေဖြင့်
သောက်ခြင်းတို့ ပြုလုပ်အသုံးပြုနိုင်ပါသည်။

၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံ သာမက ကိုယ်အတွင်းရှိ အဆုတ်၊ အသည်း၊ ကလီစာ များရှိ အညစ်အကြေးများကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်ဖြစ်ပါသည်။

၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါ ဖန့်ဖန့်ဖြစ်ပြိး၊ အသားမှာ ထူ၍ နုးညံ့ပါသည်။

သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ ကင်းနယ်၊ မင်းကင်းနယ် များတွင်
လည်းကောင်း၊ရေဦး၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင် လည်းကောင်းပေါများစွာ ပေါက်ရောက်လေ့
ရှိပါသည်။(၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါ
သည်။

လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး

ခန္ဓာကိုယ်တွင်း မှာ ရှိသော လိပ်ခေါင်း နှင့် ခန္ဓာကိုယ် အပြင်တွင် ထွက်ကျနေသော လိပ်ခေါင်း သာလျှင်
အဓိကဖြစ်သည်။ အပြင်တွင်ထွက်နေသော လိပ်ခေါင်း၏ ပုံသဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်း အ
မည် အမျိုးမျိုးခေါ်ကြသည်။ ကျွန်တော်တွေ့သော လိပ်ခေါင်း သည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်
နှင့် ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေ ပေါ်တွင်ထိုင်နေရသည်။ သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့လည်းမရ၊ ထိုင်လို့လည်းမရ။ ညည်းတွားနေရသည်။

ဆေးနည်း
ရှားစောင်း လက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည နံနက် သုံးရက်ဆက်တိုက်ကျွေးလိုက်
သောအခါထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီးသွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။

ပုံသဏ္ဍာန်
ရှားစောင်းလက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံ သဏ္ဍာန် ပေါက် ရောက်နေသည်။
အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်
လွယ်ပါသည်။

ကြွက်နို့ ပျောက်ဆေး

ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်း
ဖြည်း ချင်းပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။

Credit by>>>မြန်မာတို့ အတွက် မြန်မာ့ဆးမြီးတို

Thursday, January 15, 2015

ကွမ်းယာ ကြိုက်သူများ ဖတ်ဖို့ (ဆူး)

The Mandalay Gazette-Myanmar/Burma News Media Forum Network

ကွမ်းယာ ကြိုက်သူများ ဖတ်ဖို့
ဆူး

ကွမ်းနဲ့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊မြန်မာအပါအ၀င်အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာတွေ့ရတဲ့ဓလေ့ဖြစ်ပါတယ်။ဒါ့အပြင်ကမ္ဘာအနှံ့အပြားကအိန္ဒိယနွယ်ဖွားတွေမှာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဓလေ့ဟာလွန်ခဲ့တဲ့ နှစ်၂၀၀၀လောက်ကတည်းက အိန္ဒိယက နေပြန့်ပွားလာခဲ့တာလို့ မှတ်တမ်းတွေကဆိုပါတယ်။(မြန်မာ့ရိုးရာဓလေ့လို့ဆိုချင်သူများစဉ်းစားစရာပါ)ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ဆေးရွက်ကြီး(ဗမာဆေး) တို့အဓိကပါဝင်ပြီး နောက်ပိုင်းမှာ အိန္ဒိယက၀င်တဲ့ အာမွှေး၊နိုင်တီနိုင်း စတဲ့အမွှေးအကြိုင်မျိုးစုံ ထည့်သွင်းလာကြပါတယ်။ ကွမ်းယာကို အပြင်းပြေ၀ါးတဲ့သူက ၀ါးတယ်။ ဆေးရွက်ကြီး အာနိသင်နဲ့ လန်းဆန်းပြီး မအိပ်ချင်အောင် ဆိုပြီးစားတဲ့သူက စားတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆိုပြီး ကွမ်းယာ ပြောင်းဝါးတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။

နယ်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ ကွမ်းယာနဲ့ စလိုက်တာ ညအိပ်ယာ ၀င်မှ ပါးစပ်ထဲက ကွမ်းယာကို ထွေးဖြစ်တယ်ဆိုတဲ့ လူတွေအများကြီး တွေ့ခဲ့ရပါတယ်။ လူတွေ ကြိုက်ပြီး ၀ါးနေကြတဲ့ ကွမ်းယာဟာ၊ သွားနဲ့ခံတွင်း ပြဿနာကစလို့ အသက်အန္တရာယ် အထိဒုက္ခပေးနိုင်တယ် ဆိုတာကျွန်တော်တို့တွေ ရောက်လေရာ နေရာတိုင်းမှာ ကျန်းမာရေးပညာပေး ပြောပြလေ့ရှိပါတယ်။ တချို့လည်း..အဖိုးအဖွားတွေ လက်ထက်ကတည်းက ၀ါးလာတာ..ဘာမှမဖြစ်ဘူး..ဆိုပြီး ဆက်ဝါးကြတာပါဘဲ။
အပျင်းပြေဆိုပြီး စ၀ါးမိတဲ့သူတွေလည်း အလွယ်တကူ မဖြတ်နိုင်ကြတော့ပါဘူး။ကွမ်းယာရဲ့ အပေါ့ဆုံးဆိုးကျိုးတွေက၊ သွားတွေအရောင်ညစ်တာ၊ ကြွေလွှာပြုန်းတီးတာ၊ မေးရိုးအဆစ် ရောဂါရတာ၊ သွားကျောက်တွေတည်ပြီး သွားဖုံးရောဂါတွေရတာပါ။ အသက်အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေကတော့၊ ခံတွင်းကင်ဆာ၊ အစာမျိုလမ်းကြောင်း ကင်ဆာနဲ့ အသည်းကင်ဆာရောဂါ တွေဖြစ်ပါတယ်။
ကွမ်းရွက်ဟာ ဆေးဖက်ဝင် အရွက်ထဲမှာပါပေမယ့်၊ ကွမ်းသီး၊ ဆေးရွက်ကြီးနဲ့ အမွှေးအကြိုင်တွေမှာ နိုင်ထရိုစမင်း၊ အလ်ကာလွိုက်နဲ့ ပိုလီဖီနောဓာတ်တွေ အပါအ၀င်ကင်ဆာ ဖြစ်စေတဲ့ဒြပ်ပေါင်းအမျိုး ၃၀လောက်ပါဝင်ပါတယ်။ ထုံးက ခံတွင်းသားတွေကို လောင်စေပြီး၊ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေအထဲစိမ့်ဝင်အောင်အားပေးပါတယ်။ ကင်ဆာမဖြစ်ခင်အဆင့်မှာ၊ sub mucous fibrosis ဆိုတဲ့ ခံတွင်းသားလွှာလေးတွေ အဖြူရောင်ပြောင်းပြီး မာကျောလာတဲ့ အခြေအနေကို တွေ့ရတတ်ပါတယ်။ တချို့ဆိုပါးစပ်ဟလို့ မရတော့အောင် ဆိုးလာပါတယ်။ leukoplakia, oral lichenplanus လို့ခေါ်တဲ့ အဖြူရောင် အကွက်တွေ ပါးစောင်သားနဲ့ လျှာတွေမှာ ဖြစ်တာလည်းရှိပါတယ်။ အဲဒီကနေတစစနဲ့ ကင်ဆာဖြစ်သွား နိုင်ပါတယ်။ နယ်ဆေးရုံမှာ တာဝန်ကျတုန်းက ဒီလိုကေ့စ်တွေ အများကြီးတွေ့ခဲ့ရပါတယ်။ အားလုံးကွမ်းစားတဲ့သူတွေပါ။ ကွမ်းကိုပါးစောင်မှာမြုံထားတတ်တဲ့သူတွေမှာပိုဆိုးပါတယ်။

လျှာကင်ဆာ

လျှာကင်ဆာဆိုတာဟာ လျှာရဲ့အရှေ့ ဒါမှမဟုတ် အနောက်ဘက်မှာဖြစ်တဲ့ ကင်ဆာ အကျိတ်ပါ။ အဖြစ်များဆုံးကင်ဆာ ၁၀ မျိုးထဲမှာ မပါဝင်ပေမယ့် နှစ်စဉ် နှစ်တိုင်း လျှာကင်ဆာ ရောဂါဖြစ်သူအသစ်တွေ ၄၀ မှ ၅၀ ယောက်ထိရှိနေပါတယ်။ အသက် ငယ်သူတွေမှာ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် အသက် ၄၅ နှစ်ကျော်လာရင် လျှာကင်ဆာ ဖြစ်နှုန်းမြင့်တက်လာပါတယ်။

လျှာကင်ဆာဟာ ကွမ်းသီးဝါးသူတွေမှာ အဖြစ်များပြီး ဆေးလိပ်သောက်သူ၊ အရက် များများ သောက်သူတွေမှာလည်း လျှာကင်ဆာဖြစ်တတ်ပါတယ်။ ရောဂါ လက္ခဏတွေ အနေနဲ့ လျှာပေါ်မှာ နီရဲတာ ဒါမှမဟုတ် အဖြူအကွက်တွေဖြစ်တာ ဒါမှမဟုတ် အကျိတ် ရှိတာ ဒါမှမဟုတ် အနာရှိတာတွေဖြစ်နေပြီး ကုသမှုခံယူပေမယ့် ပျောက်ကင်းမှုမရှိတာပါ။

တချို့မှာ လျှာနဲ့လည်ချောင်းနာတာ ဒါမှမဟုတ် ထုံကျဉ်နေတာဖြစ်တတ်ပါတယ်။ ဒီဖော်ပြပါ လက္ခဏာတွေဟာ လျှာကင်ဆာဖြစ်နိုင်သလို အခြားရောဂါလည်း ဖြစ်နိုင် ပါတယ်။ ဒါပေမဲ့ အဲဒီလက္ခဏာတွေဟာ နှစ်ပတ်အတွင်း မပျောက်ကင်းရင် ကင်ဆာ ရောဂါဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ ပြဖို့ လိုအပ်ပါတယ်။

ကုသမှုပိုင်းအနေနဲ့ ကင်ဆာအကျိတ်ကို ခွဲစိတ်ဖြတ်ထုတ်ကာ ဒါမှမဟုတ် ခွဲစိတ်တာနဲ့ ဓာတ်ကင်တာပူးပေါင်းပြီးလုပ်တာတွေ လုပ်လို့ရပါတယ်။ ကင်ဆာကျိတ်ဟာ အရေးကြီး နေရင် ဒါမှမဟုတ် ခွဲစိတ်နိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်လိုက်ရင် ကင်ဆာဆေးသွင်းတာနဲ့ ဓာတ်ကင်ဆာပေါင်းစပ်ပြီး ကုသနိုင်ပါတယ်။ လျှာကင်ဆာဟာ လျှာရဲ့ အရှေ့ဘက်မှာ ဖြစ်ရင် စကားပြောရတာခက်ခဲနိုင်ပါတယ်။ လျှာရဲ့အနောက်ဘက်မှာဖြစ်ရင် အစာမျိုရတာ ခက်ခဲနိုင်ပါတယ်။

ခံတွင်း ကင်ဆာနဲ့ အစာမျိုလမ်းကြောင်း ကင်ဆာတွေဖြစ်ရင် နောက်၅နှစ် အသက်ဆက်ရှင်ဖို့ အခွင့်အရေးဟာ ၆၀%ထက်မပိုတော့ပါဘူး။ မသေခင်မှာလည်း၊ ဓာတ်ကင်ရတာ ကစလို့ မေးရိုးတခုလုံး လှီးထုတ်ပစ်လိုက်ရတာ၊ လျှာဖြတ်ပစ်လိုက်ရတာစတဲ့ ကုသမှုကြီးတွေနဲ့ကြုံရပြီး၊ အစားမစားနိုင် စကားမပြောနိုင်၊ တပိန်ပိန်တလှီလှီနဲ့ နာကျင်တဲ့ ဝေဒနာကို မသေမချင်းခံစား ကြရရှာပါတယ်။ သွားဖုံးနှင့် လျှာကင်ဆာ ဖြစ်နိုင်သည် သွားများ ကျိုးပြတ် ပျက်စီးခြင်း ၊သွားဖုံးလဲ ရေစီးကမ်းပြိုလိုက်ကာ ပျက်စီး နိုင်သည်ဟု သတိပေးနှိုးဆော်သော်လည်း စားမြဲ စားနေကြပြီး ဖြစ်တော့မှ ဆေးကုမည်ဟု ပြောကြသေးသည် ၊ တကယ်လဲ သွားများကျိုးပြတ်ပျက်စီးသူများမှာ သွားတုများတပ်ကြရမှ ကွမ်းယာပြတ်ကြပါတော့သည်၊

ကွမ်းယာဝါးတာနဲ့ အတူ၊ ဆေးလိပ်သောက်တာ ၊အရက်သောက်တာတွေကလည်း ခံတွင်းနဲ့ အစာမျိုလမ်းကြောင်း ကင်ဆာတွေ ဖြစ်စေနိုင်ပါတယ်။ သုတေသနတွေအရ ကွမ်းလည်းဝါး ဆေးလိပ်လည်းသောက်ရင် မကွမ်းစားဘဲ စားတဲ့လူနဲ့စာရင် ကင်ဆာဖြစ်နိုင်ချေ ၆ဆလောက် မြင့်ပြီး၊ ကွမ်းစားဆေးလိပ်သောက် အရက်သောက်၃မျိုးလုံး လုပ်ရင်တော့ ၁၂၃ ဆ မြင့်သွားပါတယ်။

ဘီပိုး၊ စီပိုး ၊ အသည်းသမားများ အတွက် နည်းလမ်းကောင်း

ဘီပိုး၊ စီပိုး ၊ အသည်းသမားများ အတွက် နည်းလမ်းကောင်း
ရေးသားသူ Thet Thet Aung

ဘီပိုး၊ စီပိုး ၊ အသည်းသမားများ အတွက် နည်းလမ်းကောင်း

ငွေကြေး အကုန်အကျသာသက်ပြီး တကယ်လည်း ပျောက်ကင်းတဲ့ နည်းလမ်းလေးမို့ မျှဝေပေး လိုက်ရပါတယ်။
အဲဒါကတော့ သခွတ်ပွင့်၏ ဆေးစွမ်းထက် အာနိသင်ပင် ဖြစ်ပါတယ်။

သခွတ်ပွင့်၏ အရွက် အခေါက်နှင့် အပွင့်များကို နေရောင်ခြည် ရသော နေရာတွင် နေလှန်ထားလိုက်ပါ။ ခြောက်သွားပြီး ဆိုတာနဲ့ သိမ်းထားလို့ ရပါတယ်။ ကြာရှည်ခံပါတယ်။

ရောဂါကုထုံးကတော့

နေလှန်ထားပြီးသား ဖြစ်တဲ့ အရွက် အခေါက်နှင့် အပွင့်များကို အိုးသန့်သန့်ဖြင့် ကြိုလိုက်ပါ။ သခွတ်ပွင့် ပမာဏထက် ရေကိုပိုပြီး ထည့်ပေးပါ။ ထို့ပြုတ်ရည်ကို တစ်နေ့သုံးကြိမ် သောက်ပါက ဘီပိုး စီပိုး ဒါမှမဟုတ် အသည်းသမားများ ပျောက်ကင်းနိုင်ပါတယ်။ ထိုအခြောက်ခံထားတဲ့ အရွက်တွေကို လက်ဖက်ခြောက် အနေနဲ့လည်း အသုံးပြုနိုင် ပါတယ်။

သခွတ်ပွင့် အခေါက် တစ်မျိုးတည်း ကိုလည်း ပြုတ်ပြီးသောက်နိုင် ပါတယ်။ ဒါ့အပြင် အရွက်များကို ပြုတ်ပြီး တို့စရာအဖြစ် စားနိုင်ပါတယ်။ အသည်း အဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ
အတွက် အကောင်းဆုံး နည်းလမ်းပင် ဖြစ်ပါတယ်။

ဒီ အပွင့်ဟာ အညာ ဒေသတွင် ရရှိနိုင်ပါတယ်။ အပင် အောက်က ကြွေကျနေတဲ့ အပွင့်လေး များဟာ အခြောက် ကလေးများဖြစ်လို့ နေ အများကြီး ထပ်လှန်းစရာ မလိုပါဘူး။ ကြွေကျနေတဲ့ အပွင့်တွေ ဟာလည်း အသုံးဝင် ပါတယ်။

အားလုံးရောဂါ ပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

ဆေးမြီးတို

ဆေးမြီးတိုများကိုဝိနည်းပိဋကတ်၊ မဟာဝါပါဠိတော်၊ ဘေသဇ္ဇက္ဓန္ဓက (ရောဂါနဲ့ ပျောက်ကင်းသော ဆေးနည်းများ ဖေါ်ပြရာအုပ်စု)မှာ တပေါင်းတည် ပြဆိုထားပါတယ်။
သာဓကအနေနဲ့ အနည်းငယ် ပြဆိုပါမယ့်-
ဘုရားလက်ထက်တော်အခါ ရဟန်းတစ်ပါး ပိယဆေးမိလာတယ်။အမျိုးသမီးတစ်ဦးက ခပ်လိုက်လို့ပါ။ သူ့အလိုကျလိုက်ပါအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ စာမှာတော့ အိမ်ရှင်မှ ပေးတဲ့ဆေးလို့သုံးပါတယ်။ ထိုရဟန်းမည်သို့ ခံစားရကြောင်းကိုတော့ စာမှာဖေါ်မပြပါ။ ဒီကနေ့ခေတ် တို့ဆေး ၊ခပ်ဆေးမိသူတွေလို ဖြစ်ဖို့များပါတယ်။
ဘုရားရှင်ကို လျှောက်ထားတော့ ဘုရားရှင်က “ထွန်းစာမြေကို ရေဖျော်တိုက်လိုက်” လို့ မိန့်တော်မူပါတယ်။ ထွန်းစာမြေဆိုတာ လယ်ထွန်တဲ့အခါ ထွန်သွားထယ်သွားမှာ ကပ်ပြီးနေတဲ့ မြေအနည်းငယ်ကို ဆိုလိုတာ ဖြစ်ပါတယ်။
တစ်ခါတော့ ရဟန်းတစ်ပါးမှာ အစာအိမ်ရောဂါဖြစ်ပါတယ်၊ ဘုရားရှင်ကို လျှောက်ထားတော့ ဘုရားရှင်က “ထမင်းကို အခြောက်လှမ်း၊ ပြာချ၊ အဲဒီပြာကို ရေစိမ်၊ အဲဒီပြာစိမ်ထားတဲ့ရေကို စစ်ပြီးသောက်လိုက်”လို့ မိန့်တော်မူပါတယ်။ အလွယ်ကလေးရယ်ပါ၊ အစာအိမ်ရောဂါ ဖြစ်နေကြသူများ အတွက် ဘုရားပေးတဲ့ ဆေးမြီးတိုမို့ မှတ်သားပြီး အစာအိမ်ရောဂါဖြစ်ရင် စမ်းပြီးအသုံး ပြုသင့်ပါတယ်။
ယနေ့အခါမှာ အစာအိမ်ဝေဒနာ ခံစားနေရသူတွေကို ဆရာဝန်များက ဆန်ပြုတ်ကျဲကျဲလေး သောက်ခိုင်းသလို၊ ဘုရာကလည်း နေ့စဉ် ဆန်ပြုတ်သောက်ပေးရမယ်လို့ မိန့်တော်မူပါတယ်။ မွတ်သိမ့်ဆာလောင်မှု့ကို ပယ်ဖျောက်နိုင်ရုံမျှမက အစာအိမ်နဲ့ အူလမ်းကြောင်း တလျှောက်ကို စင်ကြယ်စေခြင်း၊ အစာကြေညက်အား ကောင်းခြင်းတို့ကြောင့် ဆန်ပြုဟာ ဆေးတစ်မျိုးလို့ပင် ချီးကျူးတော်မူပါတယ်။
အလားတူ ရဟန်းတစ်ပါးမှာ အသားဝါရောဂါ ဖြစ်ပါတယ်။ ယနေ့လို့ အသဲရောင် ၊ မရောင်နဲ့ စီပိုး၊ ဘီပိုးလို့တော့ စာမှာမဆိုပါ။ ဘုရားရှင်ကို လျှောက်ထားတော့ ]]ဇီးဖြူသီး၊သျှက်သျှားသီးနဲ့ပုပ်အောင်စိမ်ထားတဲ့ နွားကျင်ငယ်ရည်ကိုသောက်ပေး၊ ဒါမှမဟုတ် အဲဒီစိမ်ထားတဲ့ ဇီးဖြူသီး၊ သျှက်သျှားသီးကို စားပေး”လို့ မိန့်တော်မူပါတယ်။ ဒါကတော့ အိမ်သုံးဆေး အနေနဲ့ အမြဲ ဖေါ်စပ်ထားကြရမယ့် သဘောဖြစ်ပါတယ်။
ဒီကနေ့ခေတ် ဘီပိုးဆို သိန်းချီကုန်မယ်၊ စီပိုးဆိုသိန်းနှစ်ရာသုံးရာကုန်မယ့် ထိုးဆေးနဲ့ ကုသမှပျောက်သတဲ့။ ဘုရားပေးတဲ့ဆေးမို့ သုတေသနပြုပြီး အစွမ်းသတ္တိနဲ့ အကျိုးအပြစ်ကို ဖေါ်ထုတ်နိုင်ရင် သိပ်ကောင်းမှာ။
နွေတုန်းက ကျောင်းတိုက်မှာ စာစစ်ကြရင်းနဲ့ ဆေးမြီးတိုများအကြောင်း ပြောဖြစ်ကြတယ်။ စာချဦးသုစိတ္တက သူတို့ရွာက လူငယ်တွေ ရန်ကုန်မြို့မှာ လာရောက်အလုပ်လုပ်ကိုင်ကြတယ်၊ အသားဝါရောဂါဖြစ်ကြရင် ရွာကို ပြန်ကြသတဲ့။
“ဘာလို့ ရွာပြန်ကြရတုန်း၊မြို့ပေါ်မှာ ဆေးမကုကြဘူးလား” လို့ ဝိုင်းမေးကြတော့-
“ရန်ကုန်မှာ ဆေးကုရင် ငွေကုန်ကြေးကျ မတတ်နိုင်ဘူး၊ ရွာရောက်တာနဲ့ရွာမှာ အလေ့ကျ ပေါက်တဲ့ဆူးပဒေါင်းပင်ပဉ္စငါးပါးကို လက်တစ်ဆုပ်စာ လောက် ကြိုသောက်ရင် အသဲရောင်အသားဝါ ရောဂါ ယူပစ်သလိုပျောက်လို့၊ အဲဒီရောဂါဖြစ်တဲ့သူတိုင်း ရွာပြန်ကြတာဘဲ”လို့ ပြောပြပါတယ်။ ဆူးပဒေါင်းပင်များဟာ လယ်ကန်သင်းတွေမှာ များစွားပေါက်တတ်ပါတယ်။ ပင်စီကို အသီးကလေးက ငုံပြီးသီးနေပါတယ်။ ဆူးကလေးများလည်း ရှိပါတယ်။
နောက်စာချဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝဏ္ဏိဿရကတော့ ယခင်က အသဲရောင်အသားဝါ ရောဂါဖြစ်ရင် ငုမြစ်နဲ့ အညာထန်းလျှက်ကိုရောပြီး ကျိုသောက်ရင် ပျောက်ကြောင်းကို ထည့်စွက်ပြောပါတယ်။ အခြားစာချဆရာတော်များကလည်း အဲဒီဆေးနည်းကို သိထားကြလို့ ဝိုင်းထောက်ခံကြတယ်။
စာရေးသူရဲ့ငယ်ဆရာဖြစ်တဲ့ ရွှေမဉ္ဇူဆရာတော်ကြီးဘဒ္ဒန္တစန္ဒထေရ် သက်တော်ထင်ရှားရှိစဉ်က ညောင်စာရေးရွာမှာ အဲလို အသားဝါရောဂါဖြစ်ရင် ငုမြစ်နဲ့ထန်လျှက်ကိုပဲ ကြိုသောက်ခိုင်းတတ်တာကို ။ စာရေးသူတို့ငယ်စဉ် ဟိုနှစ်ပေါင်းသုံးလေး ဆယ်ကဆို ရွာမှာ အသဲရောင်တာတော့ မသိကြလို့ မပြောကြပါဘူး၊အသားဝါတယ်၊ ဆီးဝါတယ်၊မျက်လုံး ဝါတယ်၊ဝမ်းဗိုက်နဲနဲ ဖောင်းနေတယ်ဆိုရင် ဆီးကိုင်တယ်ဆိုပြီး ငုမြစ်နဲ့ထန်းလျှက် ကြိုသောက်ခြင်း၊ရေများများသောက်ရခြင်း၊ဆီနဲ့ဝက်သားကို ရောဂါဖြစ်ခိုက်မှာ ရှောင်ကြရခြင်းဖြင့် အသားဝါရောဂါ ပျောက်ကင်းသွားကြတာကို မှတ်မိပါတယ်။
ဒီကနေ့ခေတ်လို တိုင်းရင်းဆေးတို့၊အင်္ဂလိပ်ဆေးတို့ကလည်း တွင်ကျယ်ကြတာ မဟုတ်တော့ ရှေးရိုးစဉ်လာ မှတ်သား ထားတဲ့ ဆေးမြိးတိုနဲ့ဘဲ ကိစ္စပြီးကြရတာ။
မဇ္ဈိမကျောင်းစာချဆရာတော် ဦးဉာဏဝံသကတော့ ချက်ခြင်းသွေးတိုးကျစေတဲ့ ဆေးနည်း တစ်မျိုးကို ပြောပြပါတယ်။
သွေးတိုးနေလို့ကတော့ ချက်ခြင်းကို သူ့ဆေးနည်းက ကျစေနိုင်တဲ့အပြင် အလွယ်လည်းရနိုင်တဲ့ ဆေးနည်းလို့ ဆိုလိုက်ပါ သေးတယ်။ “ဘာဆေးနည်းတုန်း” လို့ ဝိုင်းမေးကြတော့-
ကြက်သွန်ဖြူဥတစ်လုံးကို ကွမ်းရွက်နဲ့ယာပြီး ဝါးစားလိုက်ပါတဲ့၊ ချက်ခြင်းကို သွေးတိုးကျစေပါသတဲ့။ လွက်တွေ့လို့ ဆိုပါတယ်။ သွေးတိုးသမားများအဖို့ အလွန်လွယ်ကူပြီး ရိုးရှင်းတဲ့သွေးကျ ဆေးပါဘဲ၊ ကြက်သွန်ဖြူနဲ့ကွမ်းရွက်မို့ ဘေးထွက်ဆိုးကျိုးတော့ ရှိမယ်မထင်ပါ။
ယခင် မြန်မာ့ရုပ်သံမှာတော့ သံပုရာသီးအစေ့ကို ဝါးစားရင် သွေးတိုးကျကြောင်းကို ဇာတ်လမ်းစဉ်ရိုက်ပြတာကို မှတ်မိကြဦးမယ်ထင်ပါရဲ့။
ခုလိုအလွန်ပူအိုက်တဲ့ရာသီမှာ မိတ်ဖုတွေအများစု ပေါက်ကြမှာပါ၊ စာရေးသူငယ်စဉ်က ကိုရင်ကျောင်းသားတွေမှာမိတ်တွေ အလွန်ပေါက်တတ်ပါတယ်။ ဆရာတော်ကြီးက မိုးရွာတာနဲ့ မိုးရေချိုးခိုင်းတော့တာပါဘဲ၊ မိုးရေက မိတ်ပျောက်စေပါသတဲ့။ သတင်းစာထဲမှာတော့ သနက်ခါးတို့၊ ကရမက်တို့ကို ဂန့်ဂေါ်ဝတ်ဆံ၊(သို့မဟုတ်)ခရေပန်းချောက်များနဲ့ ရောသွေးပြီးလိမ်းဖို့ ညွှန်ကြားပါတယ်။ ဘုရားရှင်ကလည်း အရေပြာနာဖြစ်ရင် အဲလိုနံသာများကို လိမ်းကြဖို့ မိန့်တော်မူ ပါတယ်။ ဂန့်ဂေါ် ဝတ်ဆံတို့၊ခရေပန်းချောက်တို့က ဆောင်မထားရင် အလွယ်မရနိုင်။
တစ်နေ့က အောင်မိုးဟိန်းသမီး ကြောင်းလှမ်းမင်္ဂလာကို ဆွမ်းစားပင့်လို့ ကြွရတယ်။ ဟိုအကြောင်းဒီအကြောင်းပြောကြရင်းနဲ့ ရာသီပူလို့ မိတ်ဖုထွက်ကြောင်း ပြောဖြစ်ကြတော့၊ အောင်းမိုးဟိန်းရဲ့ဇနီးက သနက်ခါးနဲ့ဆားနဲ့တင် သွေးမလိမ်းဘဲ နနွင်းမှုန့်လေးပါ ထည့်သွေးပြီး လိမ်းရင် အမြန်ပျောက်ကြောင်းကို ပြောပြပါတယ်။
ဆွမ်းစားမှာ ဘုန်းကြီးဦးဉာဏဝံသလည်းပါတော့ သူမှာမိတ်တွေပေါက်နေလို့ ညပိုင်းမှာ အဲဒီအတိုင်း လိမ်းပြီးအိပ်လိုက်တာ နောက်နေ့ကြ အမှန်သက်သာပျောက်ကင်းကြောင်းကို ဆွမ်းစား ဝိုင်းမှာဆုံတော့ သူ့လက်တွေ့ကို ပြောပြပါတယ်။ “မိတ်အမြန်ပျောက်ဆေး၊ အလွယ်ကလေး” လို့ ဆိုရမှာပါ။
မိတ်အပြင် ခုလို အလွန်ပူအိုက်တဲ့ရာသီမှာ ချွေးအလွန်ထွက်ပြီး ဆီးနည်းတတ်ပါတယ်။ အမျိုးသားတိုင်း အသက်လေးဆယ်ကျော်လာရင် ဆီးနဲ့ပတ်သက်တဲ့ရောဂါတစ်မျိုးမျိုးတော့ အလုပ်များသူအများစုခံစားရဘူးမှာပါ ။အပူအစပ်အစား များသွားလို့၊ ရေသောက်နည်းသွားလို့၊ ထိုင်တာအနေကြာသွားလို့၊ဆီးချုပ်စေတတ်တဲ့အစားအသောက်ကို အစားများသွားလို့ ဆီးတွင်အနယ်ရှိလို့ ဆီးသွားခက်ခြင်း၊ ကျင်ချောင်း တစ်လျှောက် နာကျင်ခြင်း၊ ဆီးတစ်စက် တစ်စက်သွားခြင်းတို့ ဖြစ်တတ်ပါတယ်။ အလွန်ခံစားရ ဆိုးပါတယ်။
ထိုအခါမျိုးမှာ ရေကို ဂရုတစိုက် များများသောက်ပေးနေရပါမယ်။ အကယ်၍ မသက်သာပါက မြင်းခွါရွက် အပင်လိုက် လက်တစ်ဆုပ်စာကို သန့်ရှင်းအောင်ရေဆေးပြီး ငရုပ်ဆုံထဲ ထည့်ထောင်း၊ အရည်ညစ်ယူပြီး ပျားရည်အနည်းငယ်နဲ့ လဘက်ရည်ပုဂံ တစ်ဝက်စာလောက် သောက်ပေးရပါမယ်။ ဆီးအေးပြီး အချိန် အနည်းငယ်အတွင်း ဆီးသွားလို့ကောင်းပြီး သက်သာပျောက်ကင်းစေပါတယ်။