Friday, March 27, 2015

သင်္ကြန်

သင်္ကြန် သည် သင်္ကန္တ ဆိုတဲ့ ပါဠိစကားမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ရွတ်ဆိုသည့် အခါမှာ သင်ကန်တ အရ ရရစ်သံနဲ့ ရွတ်ရာကနေ သင်္ကြန်ဖြစ်လာတယ်ဟု ဆိုကြပါသည်။ အဓိပ္ပါယ်က ကူးပြောင်းခြင်းပါ။    **သင်္ကြန်ပုံပြင်** >>>>>>>>>>>>>   သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ၂ ယောက် စကားပြောရာမှ ကဿပ ဘုရားရှင် လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပါတ်လျှင် ၈ ရက်ရှိ ခဲ့ပါသည်။ ယခုအခါ ၇ ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူးဆိုကာ ငြင်းခုံ ကြပါသည်။ ထို့နောက် ရှုံးတဲ့လူက ခေါင်းဖြတ်ကြေး ဟု သတ်မှတ်ကာ လူပြည်သို့ ဆင်းပြီ ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ် ခံယူပါသည်။ အဘိဥာဏ်ရ ရသေ့က ယခုအခါတွင် လူပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ ရက်သာ ရှိတော့သည်ဟုပြောလေသည်။ ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း ဦးခေါင်းကို အဓိဌာန်ဖြင့် ဖြတ်လိုက်ပါသည်။ ထို ဗြဟ္မာခေါင်းပြတ်ကြီး သိကြားမင်း လက်ထက်တွင် ရောက်သည့်အခါ သိကြားမင်းမှာ စဉ်းစာပါသည်။ မြေပေါ်ထားလျှင် ၇ နှစ် ကမ္ဘာမီးလောင် ပြီး မိုးခေါင်ပါမည်၊ ရေတွင် ထားပါက သမုဒ္ဒရာ ၇ စင်းမှ ရေများ ခန်းခြောက်မည် ဖြစ်သဖြင့် နတ်သမီး ၇ ယောက်မှ တစ်နှစ်လျှင် တစ်ယောက်ကြ ဗြဟ္မဦးခေါင်း ကိုင်ရန် တာဝန်ကျပါသည်။ ထို နတ်သမီး တစ်ဦးနှင့်တစ်ဦး ဦးခေါင်းကိုင်ရန် အလွှဲအပြောင်းတွင် သင်္ကြန်ကျပါသည်။ ထိုအကူအပြောင်းအခါကို တွက်၍ ဘယ်နေ့တွင် ကူးပြောင်မည်ဟု သတ်မှတ်ကြပါသည်။ အဲဒါကို သင်္ကန္တ အခါလို့ ဆိုကြတယ်။ ။   နှစ်တစ်နှစ်ပြည့်တယ်လို့လဲ သတ်မှတ်ပါသည်။ ဒီကာလမှာ သိကြားက လူ့ပြည်မှာ ကောင်းမှု ထွန်းကားဖို့နဲ့ ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် လူ့ပြည်ကို ဆင်းပြီး ဆောင်ရွက်ဖို့ ကြိုးစားတယ် ။ မှတ်တမ်းများမှတ်သားတယ်လို့ ဆိုပါတယ်။ ကောင်းသူကို ရွှေပေလွှာမှာရေးပြီး ၊ မကောင်းသူကို ခွေးသားရေမှာ ရေးပါသည်။ ထိုကာ ရှေးဟောင်း ပုံပြင် ဖြစ်ပါသည်။    ဗေဒင်ကျမ်းများအရ  လူမျိုးတော်တော်များများတွင် ရိုးရာ ပြက္ခဒိန်မျာရှိကြပါသည်။ မြန်မာတို့၏ ရိုးရာပြက္ခဒိန်သည် သူရိယမာသခေါ် နေသွားလမ်းကြောင်းကို မူတည်ပြီတွက်ခဲ့ကြပါ သည်။ ကမ္ဘာကြီးက နေကို လှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ပြိဿ ၊မေထုန်……..မိန် ရာသီကိုရောက်တဲ့ အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရက် ၊ (၆) နာရီ ၊ (၁၂)မိနစ် ၊ (၃၇)စက္ကန့် ပြည့်ပြီး တနင်္ဂနွေ ရ၀ိဖုဋဂြိုလ်စင် ကနေ မိဿရာသီအစ သုညအင်္သာ ကို ၀င်တယ်လို့ သတ်မှတ်ပါသည်။ အဲဒီဝင်စအချိန်မှ ကူးပြောင်းခြင်း စ ပါသည်။ ဆိုလိုတာက သင်္ကြန်ကျတယ်။ ဒါပေမယ့် တကယ်တမ်း နှစ်သစ်ကို မကူး သေးပါ။ နောက် ထပ် (၂)ရက်၊ (၄) နာရီ၊ (၄) မိနစ် ၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ် ကူးပါတယ်။ ဒီတော့ နေသွားလမ်းကို (၁၂) ရာသီခွင်နဲ့ ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေ အတွက် တန်ခူးလမှာ နှစ်သစ်ကို ကျရောက်လေ့ရှိပါသည်။ ကြွင်းကျန် ၂ ရက်နှင့် ၄ နာရီကို ပြန်ဖြည့်သည့်အနေဖြင့် ၀ါထပ်နှစ်များထည့်တွင်းကာ ရက်များ ထပ်တိုးပြီး အမှား အယွင်းကင်းစွာ ပြက္ခဒိန်များရေးဆွဲခဲ့ကြသည်။ ထို့အပြင် ကျန်နေသေးသည့် မိနစ်နှင့် စက္ကန့်များအားလုံးကို ပေါင်းကာ ရက် အစားထိုး သည့်အနေနှင့် အချို့ နှစ်များတွင် ကဆုန်လတွင် သင်္ကြန်ကြပါသည်။ ထိုသည်ကို သိသာစေရန်အတွက် သင်္ကြန်စာများတွင် တနင်္ဂနွေ ဂြိုဟ်မင်း ဆင်းသည်ဟု ရေးသားခဲ့ကြပါသည်။ သင်္ကြန်းကျသည့် နေ့အပေါ် မူတည်ကာ တနင်္ဂနွေဂြိုဟ်မင်း လက်ကိုင်သည့် ပစ္စည်း ကွဲသွားပါသည်။ စီးသည့် ယဉ် ကွဲပါသည်။ ဗေဒင်ကျမ်းများတွင် သင်္ကြန်အခါ သိကြားမင်း ဆင်းသည်ဟု လုံးဝ မရေးထားပါ။ သိကြားမင်းဆင်းသည်ဟု ပြောနေကြသည်မှာ မှားယွင်းစွာ ပြောနေကြခြင်းဖြစ်ပါသည်။    **ပွဲတော်ဖြစ်လာပုံ**  >>>>>>>>>>>>>>>   သင်္ကြန်ပွဲတော် သည် မှတ်တမ်းများအရ ပုဂံခေတ်မှ စတင်ပါသည်။ နှစ်ဟောင်းမှ အညစ်အကျေးများ နှစ်သစ်သို့ မပါစေရန် ရေသဘင်ပွဲ ကျင်းပ ခဲ့ခြင်းမဟုတ်ဘဲ နှစ်ဟောင်းတွင် ပြုလုပ်ခဲ့မိသည့် အကုသိုလ်များ ပြေပျောက်စေရန်အတွက် နှစ်ကူးခါနီး တွင် ဘိုးဘွားမိဘဆရာသမားများကို ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ ခြေသည်း၊ လက်သည်းလှီးပေးခြင်း၊ သီလစောင့်ခြင်း၊ တရားနာခြင်း၊ ကုသိုလ်ရေးအတါက် ဘေးမဲ့ လွှတ်ခြင်း၊ စတုဒီသာ မုန့်များပြုလုပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြသည်။ ထိုနေ့များတွင် ကလေးသူငယ်များမှ အချင်းချင်း ရေပတ်ကစားခဲ့ကြသည်။ ရှေးမှတ်တမ်းများအရ ရေကစားပွဲတော်ကို ပထမဆုံး စတင်ခဲ့သည့် ဘုရင်မှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်တွင် စတင်ပါသည်။ ထိုမင်းလက်ထက်တွင် သင်္ကြန်ကို ရက် ၄၀ ကျခဲ့သည်ဟု မှတ်တမ်းများအရ သိရပါသည်။ ထိုမင်းသည် ရေကစားပွဲတော်တွင် သူ၏မိဖုရား စောလုံ ကို အရှက်ကွဲအောင် စနောက်မိခဲ့သဖြင့် စောလုံမှ ထမင်းပွဲတွင် အဆိပ်ထည့်ကာ လုပ်ကြံ သည်အထိ ဖြစ်ခဲ့သည်။ သင်္ကြန်၏ ကြေကွဲစရာ မှတ်တမ်းလေးတစ်ခုပါ။






Credit to 8888newgenerations

Sunday, March 22, 2015

မိန်းမအကြောင်း သိကောင်းစရာ ..... ဗဟုသုတ, အတွေးအမြင

မိန်းမအကြောင်း သိကောင်းစရာ .....
ဗဟုသုတ, အတွေးအမြင်

( ၁ ) ကောင်းပြီလေ … ရန်ဖြစ်ပြီးတဲ့အချိန်မိန်းမတစ်ယောက်သုံးတတ်သည့်စကားဖြစ်သည် … ထိုအချိန်မှာ သူသာအမှန်ဖြစ်ပြီး သင်ကတော့ပါးစပ်ပိတ်ထားရန်သာလိုသည် …

( ၂ ) ဘာမှမပာုတ်ပါဘူး … အဲ့လိုပြောရင်တော့တစ်ခုခုကိုသူသိထားပြီ … သင်သတိထားဖို့လိုနေပြီ

( ၃ ) လုပ်ကြည့်လေ …. အဲ့ဒါမျိုးပြောရင် ခြိမ်းခြောက်တာပါ … လုပ်ပါလို့ခွင့်ပေးလိုက်တာမပာုတ်ပါဘူး … သင့်အနေနဲ့ မလုပ်တာအကောင်းဆုံးပဲ

( ၄ )ဘာပဲဖြစ်ဖြစ်ပါ …. အဲ့ဒီစကားပြောရင်တော့ သေချာတယ် သင့်ကိုသူအကြောင်းတစ်ခုခုကြောင့် ရစ်တော့မည်

( ၅ ) ရပါတယ် … အဲ့လိုပြောလိုက်ရင်တော့ သူကသင့်အမှားအတွက်ဝန်ခံဖို့အချိန်ပေးလိုက်တာပဲ … တောင်းပန်လိုက်တာပိုကောင်းမယ်

( ၆ ) ဘာ !! …. အဲ့လိုပြောလိုက်တာပာာ … သင်ပြောတာကိုသူမကြားတာမပာုတ်ပါဘူး … သင့်ပြောတဲ့စကားကိုပြင်ချင်ရင် ပြင်လို့ရသေးတယ်ဆိုပြီး အခွင့်အရေးပေးလိုက်တာ …

( ၇ ) ဘာမှလာမပြောနဲ့တော့ …. အဲ့ဒီစကားမျိုးပြောလာရင်တော့ သင့်အနေနဲ့ တရစပ်စကားပြောနေဖို့လိုနေပြီ … မပာုတ်ရင်တော့ ရှေ့လျှောက်စကားပြောရဖို့ရှိဘူး …

( ၈ )အော် ပာုတ်လား … အဲ့ဒီစကားပြောရင် သင်လုပ်တဲ့အရာကိုသူကြိုသိနေပြီးပြီ … ဘာမှဆင်ခြေပေးမနေနဲ့တော့ …

( ၉ ) အင်းပါ …. အဲ့ဒီစကားပြောရင်တော့ သူကသင့်အပြစ်ကိုသိတယ် … ဒါပေမယ့်မသိချင်ယောင်ဆောင်ပေးလိုက်တာဆိုတဲ့သဘောမျိုးပဲ ….

( ၁၀ ) အော် … အဲ့ဒီစကားကတော့ သင်လုပ်တာပာာဘာမှမထူးဆန်းဘူး …
ငတုံးငါသိပြီးသားလို့ အဓိပ္ပါယ်ရပါတယ် …

Credit: သတင်းနှင့်စွယ်စုံ

လက်ဘက်ရည် နှင့် ရင်သား ကင်ဆာ

လက်ဘက်ရည် နှင့် ရင်သား ကင်ဆာ

မနက် မိုးလင်း လို့ အိပ်ရာထ၊ ရေအေးအေး ဖန်ခွက် နဲ့ သုံးခွက် တိတိ သောက်၊ မျက်နှာ သစ်ပြီး တာနဲ့ ကျနော် မဖြစ်မနေ ပြင်ဆင် ရတာ ကတော့ ကျနော် စားဖို့ မနက်စာ။ လက်ဘက်ရည် တစ် ခွက် နဲ့ ပေါင်မုန့် မီးကင် မာဂျရင်း သုပ် နှစ်ချပ်။ အဲဒါ ကျနော့် အတွက် ပုံမှန် ယူကေ မနက် စာ ပေါ့ ။ မြန်မာပြည် မှာ နေတုန်း ကတော့ အိမ် နဲ့ ခပ်လှမ်းလှမ်း မှာ ရှိတဲ့ လက်ဘက်ရည်ဆိုင် သွားပြီး ပဲ ပလာတာ တစ်ပွဲ၊ တရံတစ်ခါ တော့ အီကြာကွေး တစ်ချောင်း၊ တစ်ခါတလေ တော့ ပဲနံပြား တစ်ပွဲ မှာ ပြီးတာနဲ့ ကျနော် သောက်နေကျ ကျဆိမ့် တစ်ခွက် မှာ လိုက်တယ်။ များသော အားဖြင့် လက် ဘက်ရည် ဆိုင် တွေက အရင်စား ရမည့် မုန့်ကို နောက်မှ လာပို့ပြီး နောက်မှ သောက်ရမည့် လက် ဘက်ရည် ကို ကျတော့ အရင် လာပို့လေ့ ရှိတယ်။

အဲဒါနဲ့ပဲ စားပွဲပေါ် အရင် ရောက်လာတဲ့ လက်ဘက်ရည် ခွက် ကို ငုတ်တုတ် ထိုင်ကြည့် နေရ တယ် ။ သောက်လို့ မဖြစ် သေးဘူး။ မုန့်မှ မစား ရသေး ပဲကိုး။ အဲဒါ ကျနော် မြန်မာပြည် မှာ နေတုန်းက မ နက်တိုင်း ကြုံရတဲ့ အဖြစ်ပေါ့။ ဒါကြောင့် တစ်ခါတလေ တော့ လုပ်ရသေး တယ်။ ရောက်တာနဲ့ စား မည့် မုန့် ကို အရင်မှာ လိုက် တယ်။ အဲလို လုပ်ပြန်တော့ စားပွဲထိုး ကောင်လေး တွေ က အကို ဘာသောက် မလဲ ဆိုတဲ့ စကား အခါ တစ်ရာ လောက် လာမေး တယ်။ စားပြီး မှပဲ မှာမယ် ကွာ လို့ပြော လိုက်ရင် သိပ် မကြိုက် ချင်ဘူး။ တကယ်ပဲ စားပြီးမှ မှာပြန် တော့ အဲဒီ စားပွဲထိုး ကောင်ေ လးတွေ က စိတ်ကောက်လို့ လား မသိပါဘူး။ မသိယောင် ဆောင် နေကြ ပြန်ရော့ ဗျို့။

အဲဒါ ကျနော် မကြာမကြာ ကြုံရတာ လေး ပြောပြတာပါ။ တစ်ခါ တစ်လေ စိတ်တောင် ဆိုးမိတယ်။ ဒါပေမဲ့ ကျနော် က လက်ဘက်ရည် သိပ်ကြိုက်တယ် ဆိုတော့ ချိုချို သာသာ နဲ့ပဲ မှာလိုက် ရတယ်။ လက်ဘက်ရည် ဆိုတဲ့ အရာ ကလဲ ခက်သား။ ကိုယ်သောက် နေကျ ဆိုင်က ဖျော်နေကျ လူရဲ့ လက် ရာပဲ သောက်လို့ အဆင် ပြေတာ။ ဆိုင်ပြောင်း သောက်ရင် နောက်ထပ် အရသာ တစ်မျိုး ဖြ စ် သွား ပြန်ရော။ ဒါကြောင့် စိတ်ဆိုးပြီး ထ သွား တာမျိုး လဲ မလုပ်ချင် ဘူးလေ။ အဲဒါ လက်ဘက် ရည် စွဲ တယ် လို့ခေါ်ရမှာ ပေါ့ဗျာ။ ကျနော် ကတော့ တကယ် စွဲ တာ။ မသောက် ရရင် နေကို မနေနိုင် ဘူး။ တစ်နေ့ တစ်ခွက်တော့ အနည်းဆုံး သောက် ကို သောက် ရမှ နေသာ ထိုင်သာ ရှိတာ ကလား။

ဆေးဘက် ဆိုင်ရာ သုတေသန ပညာရှင်တွေ ကတော့ တစ်နေ့ကို လက်ဘက်ရည် သုံးခွက် တိ တိ သောက် သင့်တယ် ဆိုပဲဗျာ့။ အထူး သဖြင့် အမျိုးသမီး တွေ ဟာ တစ်နေ့ ကို လက်ဘက် ရည် သုံးခွက် တိတိ ပုံမှန် သောက်သင့်သ တဲ့။ အမျိုးသမီး တွေ ထဲမှာလဲ အသက် ( ၅၀ ) အောက် အ မျိုး သမီး တွေ ကိုပဲ ဆိုလိုတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို တစ်နေ့ သုံးခွက် လောက် ပုံမှန် လက် ဘက်ရည် သောက်တဲ့ အကျင့် ရှိရင် အမျိုး သမီး တွေ မှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ရင်သား ကင် ဆာ ရောဂါ ကို ( ၃၇ ) ရာခိုင်နှုံး အထိ တောင် ကာကွယ် ပေးနိုင် သတဲ့ဗျို့။ နည်းနည်း နောနော အ ကျိုး ကျေးဇူး မဟုတ်ဘူး နော်။ သောက်သင့် တယ်။

ကျနော်တို့  မြန်မာ ပြည်မှာ အမျိုးသမီး တွေ အတော် များများမှာ ဒီရောဂါ ဖြစ်လေ့ ဖြစ်ထ ရှိတာ ကျနော် မျက်မြင် ပဲ။ ကျနော့် သူငယ်ချင်း တစ်ယောက် ရဲ့ အဒေါ်ဆို အဲဒီ ကင်ဆာဖြစ်နေလို့ တစ်နေ့ တစ်နေ့ ငိုငို ရည် ရည် နဲ့ပဲ အချိန်ကုန် ခဲ့ရတယ်။ ငါတော့ သေမှာပဲ ဆိုပြီး စိတ်ဓာတ် ကလဲ ကျလို့။ သေတာ ကတော့ လူတိုင်း သေမှာ ချည်း ပါပဲဗျာ။ ဘာရောဂါ မှ မရှိတဲ့ လူလဲ ဗျုန်းကနဲ သေ ချင် သေနေတာ။ သေတာ က တော့ မဆန်းပါ ဘူး။ ဒါပေမဲ့ ဒီလို ရောဂါမျိုး ရှိလာရင် တော့ အမျိုး သ မီး တွေ အတွက် အတော်လေး ကို ကသိက အောက် နိုင်မယ် လို့ ခံစား မိတယ်။

တကယ်တော့ ရင်သား ကင်ဆာ ရောဂါဟာ ဖြစ်စ မှာ ကုရင် ပျောက်ကင်း နိုင်တဲ့ ရောဂါမျိုး ပါ။ လွန်သွားရင် သာ ကုဖို့ ခက်သွား တတ်တာမျိုး ကိုး။ ကျနော့် သူငယ်ချင်း ရဲ့အဒေါ် ဆို ဆေးရုံ ပြရင် အခွဲခံ ရမှာစိုး လို့ ဆိုပြီး ဘယ် ဆရာဝန် ဆီမှလဲ မသွား ရဲဘူး။ ကျနော် ဒီမလာခင် လေး မှာပဲ အတင်း တိုက်တွန်းပြီး ဆရာဝန် နဲ့ ပြခိုင်း ရ တယ်။ ဘယ်ရ မလဲ။ ဆရာဝန် က ခွဲရမယ် ပြောလိုက် တာ။ သူ့ခမျာ ထမင်းတောင် မစားနိုင် တော့ဘူး။ အတော်လေး ကို ချော့ချော့ မော့မော့ ပြောပြီး ခွဲဖို့ တိုက်တွန်း ရတယ်။ ခွဲပြီး နောက် ဓာတ်တွေ ဘာတွေ လဲကင် ရသေး တာကိုး ဗျာ့။ ကင်ဆာ အမြစ် သေအောင် ဆိုပဲ။

အဲဒီ ဘွားတော်လဲ ခွဲပြီး စိပ်ပြီး တော့မှ အမယ် -- ကျနော့်ကို ကျေးဇူးတင် ကြောင်း တဖွဖွ ပြောရှာ တယ်။ “မင်း အဆွယ် ကောင်း လို့သာ ငါ့တူရေ့၊ အဒေါ့် ဖာသာ ဆို ကြောက်တာ နဲ့ ခွဲဖြစ် တော့မှာ မဟုတ်ဘူး။ အခုတော့ စိတ်အေး သွားရပြီ” တဲ့။ နောက်ပြီး တော့ သူ့တူမ ကိုလဲ ပြောလိုက် သေး တယ်။ “ညီး တို့လဲ ဒီလိုဟာ မျိုး ဖြစ်လာရင် ခွဲရမှာ မကြောက်နဲ့ သိလား” တဲ့။ အဲဒီတော့ ဖြစ်လာရင် အဲဒီလို ခွဲရ စိပ်ရမှ ပျောက်ကင်း သက်သာ နိုင်တဲ့ ရောဂါမျိုး ကိုယ့်ဆီ ဖြစ်မလာ အောင် ကြိုတင် ကာကွယ် ထားဖို့တော့ အရေးကြီး သဗျို့။ အလွယ်ဆုံး ကာကွယ်နည်း ကတော့ ကျနော် ပြောခဲ့တဲ့ နည်းပဲ။ တစ်နေ့ လက်ဘက်ရည် သုံးခွက်သောက်။ လက်ဘက် ခြောက်ခတ် ထားတဲ့ ရေးနွေးကြမ်း ကို ပုံမှန် သောက်ရင် ပိုတောင် ကောင်းသေး ဆိုပဲ။ အဲဒီတော့ လက်ဘက်ရည် မသောက်ချင် ရင် ရေနွေးကြမ်း လေးတော့ သောက်ဖြစ် အောင် သောက်လိုက်။

လက်ဘက် ရည်မှာ အဲဒီလို အာနိသင် မျိုး ရှိတယ် ဆိုတာကို ရှာဖွေတွေ့ ရှိသူတွေ ကတော့ အမေ ရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ ရှိတဲ့ Moffitt Cancer Centre ဆိုတဲ့ ကင်ဆာ လေ့လာရေး ဌာနက ဆေး သုတေသီ တွေပါပဲ။ လက်ဘက်ရည် သို့မဟုတ် ရေနွေးကြမ်း ကို ပုံမှန် သောက်တဲ့ အတွက် ရင်သား ထဲမှာ ဖြစ်ပေါ် လာမည့် အကျိတ်အခဲ တွေ ကို ကျေစေ တယ်လို့ ဆိုပါတယ်။ ဒါ တင် မက သေးဘူးတဲ့။ လက်ဘက်ရည် ပုံမှန် သောက်တဲ့ အတွက် --

(၁) နှလုံးရောဂါ
(၂) လေဖြတ်တဲ့ရောဂါ
(၃) ကိုလက်စထရောလ်များပြာမှု
(၄) သွေးတိုးနှုံးတွေနဲ့
(၅) ခန္ဓာကိုယ်မှာ ယေဘုယျဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာ တွေ ကိုပါ လျော့ပါး အားနည်း သွားစေ တယ် လို့ ဆိုပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ လက်ဘက်ရည် သို့မဟုတ် လက်ဘက် မှာ ရောဂါ လက္ခဏာ ကို ခြေဖျက် ပေးတဲ့ Polyphenol ( ပိုလီဖီးနိုလ် ) လို့ခေါ်တဲ့ အယ်ကိုဟော ဓာတ်တွေ ပါဝင် နေလို့ပါ တဲ့။ ဆေးသု တေသီ တွေ ဟာ ရင်သား ကင်ဆာ ရောဂါသည် အမျိုးသမီး ငါးထောင် နဲ့ ရောဂါ မရှိတဲ့ အမျိုးသမီး ငါးထောင် ကို ယှဉ်ပြီး လေ့လာ ခဲ့ကြ တယ် လို့ သိရပါတယ်။ အဲဒီတော့ ကြိုက်ကြိုက် / မကြိုက် ကြိုက် အနည်း ဆုံး တစ်နေ့ တစ်ခွက် လောက်တော့ သော က် ဖြစ်ေ အာင် သောက် ကြပေတော့ ကလေးမ တို့ရေ့။ မဟုတ်ရင် ---- ။

အင်္ဂလိပ်စာ အတိုအထွာ

(1) hold/keep sb/sth at bay (idm) = မဖြစ်အောင်ကာကွယ်ပေးသည်
eg: Three cups of tea a day could help keep breast cancer at bay among younger women.
တစ်နေ့ လက်ဘက်ရည် သုံးခွက် သောက်ခြင်း ဖြင့် အမျိုးသမီးငယ် များ မှာ ဖြစ်တတ်တဲ့ ရင်သား ကင်ဆာ ရော ဂါ ကို ကာကွယ် တားဆီး နိုင် သည်။

http://uk.news.yahoo.com/5/20090122/twl-cups-of-tea-could-cut-cancer-risk-3fd0ae9.html ကို ကိုးကား ရေးသား ပါသည်။

အလင်းတန်း

Monday, March 9, 2015

i phone အကြောင်း

iPhone သုံးစွဲသူအများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ

ကဲဒီတခါတော့ကျွန်တော်အလုံသားသော်တာကမနေ့ကsamsungဖုန်းတွေအတွက်တင်ပေးလိုက်တော့ဒီနေ့ iphone userတွေအတွက် knowledgeလေးတခုပြောပြချင်ပါတယ် iPhone သုံးစွဲသူအများစု သတိမထားမိနိုင်သော မှော်ဆန်သည့် လုပ်ဆောင်ချက်များ
(၁) iPhone ကို လှုပ်ယမ်းပြီး undo လုပ်ခြင်း
စာရိုက်သည့်အခါ သို့မဟုတ် ဓာတ်ပုံတစ်ပုံကို ပြင်ဆင်မှုပြုလုပ်သည့်အခါ အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်မိပါက ဖုန်းကို အနည်းငယ် လှုပ်ယမ်းပြီး undo ပြုလုပ်နိုင်သည်။
(၂) Airplane mode သို့ပြောင်းပြီး ဘက်ထရီကို လျင်မြန်စွာ အားသွင်းခြင်း
Airplane mode သို့ပြောင်းလဲခြင်းသည် ကြိုးမဲ့စနစ်နှင့် ဆယ်လူလာ အသုံးပြုမှုကို ပိတ်ပေးသောကြောင့် ဖုန်း ဘက်ထရီကို ယခင်ထက် နှစ်ဆပိုမြန်သောနှုန်းဖြင့် အားသွင်းပေးနိုင်သည်။
(၃) Email များကို အသံထွက်ဖတ်ရန် Siri ကို စေခိုင်းခြင်း
“Read my email” ဟု ပြောလိုက်ရုံဖြင့် Siri က message အားလုံးကို ကျယ်လောင်သော အသံဖြင့် ဖတ်ပေးနိုင်သည်။ မကြာသေးမီက ဝင်ရောက်ထားသော email များကို ဖတ်ခိုင်းလိုပါက “Read my latest email” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။ ထို့အပြင် Maung Maung ၏ email ကို ဖတ်ရှုလိုပါက “Do I have email from Maung Maung?” ဟု ပြောကြားကာ စေခိုင်းနိုင်သည်။
(၄) ကောင်းကင်တွင် ပျံသန်းနေသည့် လေယာဉ်များကို ရှာဖွေခြင်း
“What flights are above me?” သို့မဟုတ် “Planes overhead” ဟု ပြောလိုက်ရုံဖြင့် Siri က ပျံသန်းနေသည့် လေကြောင်း ခရီးစဉ်များကို ဖော်ပြပေးမည် ဖြစ်သည်။
(၅) စာလုံးအသံထွက် အတွက် Siri ကို သင်ကြားပေးခြင်း
Siri က မှားယွင်းသည့် အသံထွက်ဖြင့် ပြောကြားသည့်အခါ “That’s not how you pronounce [BLANK]” ဟု ပြောကြားပြီး အသံထွက်အမှန်ကို သင်ကြားပေးနိုင်သည်။
(၆) Timer ဖြင့် သီချင်းကို အလိုအလျောက် ပိတ်ခြင်း
ညဘက်တွင် သီချင်းနားထောင်သည့်အခါ သီချင်းကို အလိုအလျောက် ပိတ်ပေးနိုင်ရန်အတွက် Timer ဖြင့် အသုံးပြုနိုင်သည်။ Clock app ရှိ Timer တွင် “When Timer Ends” ၌ “Stop Playing” ကို ရွေးချယ်ပြီး သတ်မှတ်ထားသည့် အချိန်တွင် ဖွင့်ထားသည့် သီချင်းကို ပိတ်ပေးနိုင်သည်။
(၇) ဗီဒီယိုများနှင့် သီချင်းများကို မြန်နှုန်း (၃) မျိုးဖြင့် ကျော်ခြင်း
ဒီနည်းလမ်းက အလွန်ကို အသုံးတည့်သည့် နည်းလမ်းဖြစ်သည်။ သီချင်း နားထောင်ခြင်း သို့မဟုတ် ရုပ်ရှင်ကြည့်ရှုရာတွင် မိမိလိုချင်သည့် နေရာသို့ ရောက်အောင် ကျော်ခြင်းကို Apple က scrub လုပ်သည်ဟု သုံးနှုန်းထားသည်။ Default mode က high-speed scrolling ဖြစ်သည်။ ၎င်းသည် လိုချင်သည့် နေရာကို အတိအကျ ရရှိစေရန် ခက်ခဲနိုင်သည်။ သို့သော်လည်း scroll လုပ်သည့် အမြန်နှုန်းကို ထိန်းချုပ်နိုင်သည်။ Video screen ၏ ထိပ်ဘက်ပိုင်းရှိ slider ကို ဖိထားပြီး အောက်သို့ ဆွဲချခြင်းဖြင့် ချိန်ညှိနိုင်သည်။ Scrubbing speed ကို half-speed, quarter-speed, eighth-speed (fine scrbbing) ဟူ၍ ပြောင်းလဲ ချိန်ညှိနိုင်သည်။
(၈) Volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်ခြင်း
တစ်ခါတစ်ရံတွင် capture ခလုတ်ကို နှိပ်ဖို့ အခက်အခဲ ရှိနေချိန် ဓာတ်ပုံရိုက်လိုသည့်အခါ အသံအတိုးအကျယ် ပြုလုပ်နိုင်သည့် volume ခလုတ်များဖြင့် ဓာတ်ပုံရိုက်နိုင်သည်။ နားကြပ်မှ အသံအတိုးအကျယ် ခလုတ်များဖြင့်လည်း ဓာတ်ပုံရိုက်နိုင်သည်။
(၉) ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ဓာတ်ပုံအများပြား ရိုက်ကူးခြင်း
ဓာတ်ပုံရိုက်ကူးသည့် captre ခလုတ်ကို ဖိထားခြင်းဖြင့် ဓာတ်ပုံအများအပြားကို အလျင်အမြန် ရိုက်ကူးပေးနိုင်သည်။ ၎င်းသည့် ရွေ့လျားနေသည့် အရာဝတ္ထုတစ်ခုကို ဓာတ်ပုံရိုက်ကူးရာတွင် အလွန်အသုံးတည့်စေသည်။
(၁၀) Text message များတွင် ပေးပို့ချိန်ကို ကြည့်ရှုခြင်း
Text bubble ကို ဘယ်ဘက်သို့ ဆွဲလိုက်သည့်အခါ text message တိုင်း၏ ပေးပို့ချိန်များကို သိရှိနိုင်သည်။
(၁၁) iPhone ကို ရေချိန်တိုင်း ကိရိယာအဖြစ် အသုံးပြုခြင်း
အိမ်နံရံမှာ ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲလိုသည့်အခါ သီးခြား ရေချိန်တိုင်းကိရိယာကို သုံးစရာမလိုပါဘူး။ Compass app ကို ဖွင့်ပြီး ဘယ်ဘက်ကို swipe ကာ ပြီးပြည်စုံသော ရေချိန်တိုင်း ကိရိယာအနေဖြင့် အသုံးပြုနိုင်သည်။
(၁၂) Select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်နိုင်ခြင်း
Settings > General > Accessibility > Speak Selection ကို ON ခြင်းဖြင့် စာသားများကို select လုပ်သည့်အခါ ပေါ်လာသည့် Speak ခလုတ်ကို နှိပ်ပြီး select လုပ်ထားသည့် စာသားများကို အသံထွက်ဖတ်စေနိုင်သည်။
(၁၃) Spacebar ကို နှစ်ချက်နှိပ်ပြီး ဝါကျအသစ်တစ်ကြောင်း စတင်ခြင်း
စာရေးသားရာတွင် ဝါကျအသစ်တစ်ကြောင်းဖြင့် စတင်လိုသည့်အခါ spacebar ကို နှိပ်ချက်နှိပ်ရုံဖြင့် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်သည့်အခါ စာကြောင်းအဆုံးတွင် full stop တစ်ခုနှစ် space တစ်ခု အလိုအလျောက် ထည့်သွင်းပေးမည် ဖြစ်သည်။
(၁၄) Calendar app ကို အသေးစိတ် ကြည့်ရှုအသုံးပြုခြင်း
Calendar app ကို အသုံးပြုသည့်အခါ ဖုန်းကို landscape အနေအထားသို့ ပြောင်းလဲပြီး အသေးစိတ် ကြည့်ရှုနိုင်သည်။
(၁၅) ဓာတ်ပုံရိုက်ရာတွင် lock autofocus နှင့် exposure ဖြင့် အသုံးပြုခြင်း
ဓာတ်ပုံတစ်ပုံ ရိုက်ကူးသည့်အခါ iPhone ကင်မရာက focus နှင့် exposure ကို အမြဲချိန်ညှိပေးသည်။ သို့သော်လည်း screen ပေါ်တွင် အဝါရောင် စတုရန်းကို နှစ်ချက် မှိတ်တုတ်မှိတ် ပေါ်သည့်အထိ ဖိထားပြီး focus နှင့် exposure ကို lock ပြုလုပ်ထားနိုင်သည်။ Autofocus နှင့် exposure lock ဖြစ်သည့်အခါ AE/AF Lock ဆိုသည့် အဝါရောင် icon ပေါ်လာမည် ဖြစ်သည်။
(၁၆) Tap တစ်ချက်လုပ်ရုံဖြင့် web suffix များ ထည့်သွင်းခြင်း
Safari တွင် ဝက်ဘ်လိပ်စာတစ်ခု ရိုက်ထည့်သည့်အခါ keyboard အောက်ဘက်ရှိ “.” ကို ဖိထားပြီး ပေါ်လာသည့် web suffix များ (.com, .net, .edu စသည်များ) ကို ရွေးချယ်ထည့်သွင်းနိုင်သည်။
(၁၇) Email draft များကို အလျင်အမြန် အသုံးပြုခြင်း
Mail app တွင် screen ညာဘက် အောက်ထောင့်ရှိ Compose icon ကို ဖိထားပြီး အကြမ်းရေးထားသည့် email များကို အလျင်အမြန် အသုံးပြုနိုင်သည်။
(၁၈) တုန်ခါမှုကို စိတ်ကြိုက်ပြင်ဆင်ခြင်း
Settings > Sounds > Ringtone > Vibration > Create New Vibration လုပ်ပြီး သက်ဆိုင်ရာ contact များအတွက် vibration pattern ကို စိတ်ကြိုက်ပြင်ဆင်နိုင်သည်။ ထိုသို့ vibration သတ်မှတ်ထားသည့်အခါ message သို့မဟုတ် ဖုန်းခေါ်ဆိုမှု ဝင်ရောက်လာသည့်အခါ တုန်ခါမှုအပေါ်မူတည်ပြီး contact ကို ခွဲခြားသိရှိနိုင်သည်။
(၁၉) Keyboard shortcut များ စိတ်ကြိုက်ဖန်တီးခြင်း
Settings > General > Keyboard > Shortcuts > Add New Shortcut ကိုသွားပြီး စကားလုံး တစ်လုံး သို့မဟုတ် စကားရပ်တစ်ခု ဖန်တီးပြီး သက်ဆိုင်ရာ shortcut ကို ဖန်တီးနိုင်သည်။ ထို့နောက် shortcut ကို ရိုက်လိုက်သည့်အခါ သက်ဆိုင်ရာ စကားလုံး သို့မဟုတ် စကားရပ်တစ်ခု ပေါ်လာမည်ဖြစ်သည်။ Emoji အတွက်လည်း shortcut များ ဖန်တီးနိုင်သည်။
(၂၀) Passcode တစ်ခုကို စာလုံးများဖြင့် ဖန်တီးခြင်း
Settings > General > Passcode Lock တွင် Simple Passcode ကို OFF လုပ်ပြီးနောက် passcode ကို စာလုံးများဖြင့် ဖန်တီးနိုင်သည်။ ထို့နောက်တွင် ဖုန်းကို unlock ပြုလုပ်ရာ၌ သတ်မှတ်ထားသည့် passcode စာလုံးများ ထည့်သွင်းရန် keyboard ပေါ်လာမည် ဖြစ်သည်။
(၂၁) သတိပေးချက်များကို LED flash ဖြင့် ဖော်ပြခြင်း
ဖုန်းခေါ်ဆိုမှု သို့မဟုတ် message တစ်စောင် ဝင်ရောက်လာသည့်အခါတွင် ဖုန်းမြည်သံ သို့မဟုတ် တုန်ခါမှုစနစ်ဖြင့် မဟုတ်ဘဲ LED flash ဖြင့် ဖော်ပြနိုင်သည်။ Settings > General > Accessibility တွင် “LED Flash for Alerts” ကို ON ပြီး အသုံးပြုနိုင်သည်။

credits;;K Star Mobile & Accessories Shop

Firmwareတင်နည်း

လုံးဝမသိတဲ့ သူတွေအတွက် firmware ရေးနည်းလေးတွေပါ
Android Application 2:23 PM No comments
လုံးဝမသိတဲ့ သူတွေအတွက် firmware ရေးဖူးတဲ့နည်းလေးတွေပြန်ဝေမျှတာပါ ဆရာတွေအတွက်မဟုတ်ရပါဘူးဗျာ အဆင်ပြေရင်တော့အလုံသားလေးpost ကို share ကျပါ

Huawei
-----------
1. Firmware file = update.app
တင်နည်း
Firmware file ကို zip ဖြည်ပါ။ရလာတဲ့ dload folder ကို sdcard ထဲ ထည့်ပြီး vol up + vol down + power ဖြင့်တင်ပါ။
2. Firmware file = update.zip
တင်နည်း
Firmware file ကို zip ဖြည်ပါ။ရလာတဲ့ dload folder ကို copy ယူပြီး sdcard ထဲထည့်ပါ။ဖုန်းကို recovery mode ကိုဝင်ပါ။apply update from sdcard update.zip ဆိုတာကိုရွေးပေးလိုက်ပါ။
3. Firmware file = Scatter emmc.txt ( only mtk cpu )
တင်နည်း
Sp flashtool ကိုဖွင့်ပါ။ scatter-loading ဆိုတာကို တစ်ချက်နှိပ်ပါ။ MT65--- scatter emmc အစရှိတဲ့ နာမည်နဲ့ txt file လေးကို ရွေးပါ။ firmware အပြည့်အစုံပါလျှင် firmware upgrade ကို နှိပ်ပါ မပါလျှင် download ကို နှိပ်ပါ။
ဖုန်းကို ဓါတ်ခဲချွတ်ပါ ငါးစက္ကန့်ကြာလျှင်ပြန်တပ်ပါ။ vol up ကို ဖိပြီး usb ကြိုးထိုးပြီး တင်ကြည့်ပါ။ error တက်ပါက vol down ပြောင်းဖိပြီးတင်ကြည့်ပါ။
4. Firmware file = .pac ( only speactrum cpu )
Research downloader ကိုဖွင့်ပါ။ firmware file ဖြစ်တဲ့ pac လေးကို ရွေးပေးပါ download နှိပ်ပါ။
ဖုန်းကို ဓါတ်ခဲချွတ်ပါ ငါးစက္ကန့်ကြာလျှင်ပြန်တပ်ပါ။ vol up ကို ဖိပြီး usb ကြိုးထိုးပြီး တင်ကြည့်ပါ။ error တက်ပါက vol down ကိုဖိပြီး တင်ကြည့်ပါ။
Samsung
-------------
1. Firmware file = .tar or .tar.md5
Samsung firmware တွေက full package ရှိသလို one package တွေလည်း ရှိပါတယ်
Full package
------------------
Odin ကို ဖွင့်ပါ
အောက်ပါအတိုင်း ရွေးပေးပါ။
Pit - ____.pit
Bootloader - _bootloader_.tar
Pda - _code_.tar
Phone - _modem_.tar
Csc - _csc_.tar
ဖိုင်အားလုံးရွေးပေးပြီးရင် vol down + home + power ဖြင့် download mode ဝင်ပြီး usb ကြိုးထိုးပါ။ ပြီးလျှင် start ကိုနှိပ်ပါ။ pass ပြလျှင် ပြီးပါပြီ။
One package
File တစ်ခုတည်း တွေ့ရပြီး file extension ကလည်း .tar (or) .tar.md5 ဖြစ်နေမယ်ဆိုရင် သိပ်မစဉ်း စားပါနဲ့ odin ရဲ့ pda နေရာမှာပဲ ထည့်ပြီး အပေါ်ကအတိုင်း တင်လိုက်ပါ။
Sony
--------
Firmware file = .ftf
တင်နည်း
Firmware file ကို c:\flashtool\firmware ထဲသို့ copy ယူပါ
Sony flashtool ကိုဖွင့်ပါ။
မိုးကြိုးပုံစံလေးကို နှိပ်ပါ။ flash mode ကို ရွေးပါ။ firmware file ကိုရွေးပေးပြီး ok နှိပ်ပါ။ ဖုန်းကို back key or vol down ဖိပြီး usb ကြိုးထိုးလိုက်ပါ flashtool က firmware ရေးသွားပါလိမ့်မယ်။
တင်ရမဲ့ firmware တင်နည်းကို firmware file ကြည့်ပြီး ဆုံးဖြတ်နိုင်ကြပါစေ
ကျန်တော် အလုံသားလေး သော်တာဧကရာဇ်ပါ အဆင်ပြေကျပါစေ

အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >
www.maungpauk.org