Sunday, October 2, 2016

အတွေးအခေါ်

အကျိုး အကြောင်း ကို ကောင်းကောင်း ဆက်စပ် ဆင်ခြင်သုံးသပ်နိုင်တဲ့ ယုတ္တိဗေဒပညာရှင်(Logician) ၁၀၀ ရှိတယ်။ အားလုံးမှာ ညီတူညီမျှ အရည်အချင်းရှိကြတယ်။

သူတို့အားလုံးရဲ့ နဖူး(fore head) ကို ဆေးရောင်တစ်ခု ချယ်လိုက်တယ်။ ဘာရောင်မှန်းတော့ မသိဘူး။ ဝါ စိမ်း နီ ပြာ ခရမ်း မရမ်း ပန်းရောင် အဖြူ အနက် အညို  စသည်ဖြင့် တရောင်ရောင်ပေါ့ဗျာ။

တရောက်ကို ဘာအရောင်ချယ်တယ်ဆိုတာ တခြားတရောက်က မသိဘူး။ ဆေးရောင်ချယ်တဲ့အချိန်မှာ သူတို့ မျက်စိကို အဝတ်စည်းထားတယ် ဆိုပါတော့။

ပြီးရင် သူတို့ အားလုံးကို မီးပိတ်ထားတဲ့ အခန်းတစ်ခန်းထဲ ထည့်လိုက်တယ်။ အခန်းထဲမှာ သူတို့ ဟာ စက်ဝိုင်းပုံ အနေအထားနဲ့  ထိုင်ကြတယ်။ [တစ်ရောက်က ကျန်တဲ့ ၉၉-ရောက်လုံးရဲ့ မျက်နှာတွေကို မြင်ရအောင်လို့ ပါ။ အခန်းထဲမှာ ကိုယ့်မျက်နှာကိုယ်ပြန်ကြည့်လို့ ရတဲ့ အရာမှန်သမျှ (မှန်တွေ ဘာတွေ) ဘာမှ မရှိဘူး။]

အခန်းထဲမဝင်ခင် သူတို့ အားလုံးကို  ပြောထားတဲ့စကားက

“ခင်ဗျားတို့ ထဲက အနည်းဆုံး တစ်ရောက် ရဲ့ နဖူးမှာ အပြာရောင်ချယ်ထားတယ်” … ဆိုတဲ့ စကားပဲ။

သူတို့ အားလုံး (ယုတ္တိဗေဒပညာရှင် ၁၀၀လုံး) အခန်းထဲရောက်သွားပြီးတဲ့အခါ

သူတို့ မျက်လုံးကို စည်းထားတဲ့(ပိတ်ထားတဲ့) အဝတ်တွေကို ဖယ်လိုက် ပြီး

သူတို့ အားလုံး တစ်ရောက်မျက်နှာ တစ်ရောက်မြင်ရအောင် မီး ဖွင့်လိုက်တယ်။

(မီးဖွင့်ထားတဲ့အချိန်မှာ အခန်းထဲမှာ ရှိနေတဲ့သူတွေက တစ်ရောက်နဖူးတစ်ရောက်ကြည့်ကြပေါ့။)

ပြီးရင် မီးပြန်ပိတ်မှာဖြစ်တယ်။

သူတို့ လုပ်ရမှာက

တကယ်လို့  ယုတ္တိဗေဒပညာရှင်တစ်ရောက်ရောက်ဟာ

ကိုယ့်နဖူးမှာ အပြာရောင်ချယ်ထားကြောင်း သိလိုက်ရရင်

မီးပြန်ပိတ်လိုက်တဲ့အချိန်မှာ အခန်းအပြင်ဘက်ကို ထွက်သွားရမယ်။

ပြီးရင် နောက်တစ်ကြိန် မီးပြန်ဖွင့်မယ်

မီးဖွင့်ထားချိန်မှာ

ကိုယ့်နဖူးမှာ ဆေးပြာ ချယ်ထားသလား ကြည့်ရှု စဉ်းစား တွေးတော ဆုံးဖြတ်

ပြီးရင် မီး (ခဏ) ပြန်ပိတ်မှာဖြစ်တယ်။

ဆေးပြာ ချယ်ထားရင်..မီးပိတ်ချိန်မှာ အပြင်ထွက်..။

ပြီးရင် နောက်တစ်ကြိမ် မီးပြန်ဖွင့်မယ်။

အဲဒီအတိုင်း (လိုအပ်ရင်) အကြိမ်ကြိမ်လုပ်မှာဖြစ်တယ်။

ကဲ အခု မေးခွန်းလာပါပြီ...

“တကယ်လို့  သူတို့ အားလုံး (ယုတ္တိဗေဒပညာရှင် ၁၀၀ လုံး) ရဲ့ နဖူးမှာ ဆေး အပြာရောင်ချယ်ထားတယ် ဆိုရင် ဘယ်လို ဖြစ်မလဲ၊ ဘာကြောင့်လဲ”။

တွေးတောခြင်းဖြင့် ထိုးထွင်းသိမြင်နိုင်ပါစေ။

[ခြိမ့်ထက်]

သည်းခံစိတ်

သည်းခံစိတ်

တစ်ခါက လင်မယား စုံတွဲတစ်တွဲရှိပါတယ်။
ဒီလိုနဲ့နေလာကြရင်း အသက်အရွယ်တွေ
တဖြည်းဖြည်းကြီးရင့်လာလိုက်တာ အဘိုးကြီး၊ အဘွားကြီးအရွယ်ရောက်လာကြပါတယ်။

ထူးဆန်းတာက အမယ်အိုမှာ
သူတို့လက်ထပ်ကတည်းကထင်းရှုးသေတ္တာ
လေးတစ်လုံးရှိပါတယ်။ အဖိုးအိုဖြစ်သူက
အဲဒီ ထင်းရှုးသတ္တာထဲမှာ ဘာရှိလဲလို့
မေးတိုင်း အမယ်အိုက တစ်နေ့တော့
အဖိုးအိုသိအောင် သူမ ဖွင့်ပြပါ့မယ်
လို့ကတိပေးပြီး ဒီလိုနဲ့ပဲ အဖိုးအိုကို
ဖွင့်မပြောခဲ့ပါဘူ့း့။

တစ်နေ့တော့ အမယ်အိုဟာ
ကင်ဆာရောဂါကြောင့် ဆရာဝန်ကတောင် လက်လျော့ရတဲ့အခြေအနေ
ရောက်လာပါတယ်။ ဒီလိုနဲ့ အိပ်ယာထဲမှာ
လှဲလျောင်းနေရင်း ယောကျာင်္းဖြစ်သူ
အဖိုးအိုကို သူမရဲ့သေတ္တာလေးကို
ကုတင်အောက်ကနေယူခိုင်းလိုက်ပါတယ်။
ဒါနဲ့ အဖိုးအိုက သေတ္တာလေးကို
အမယ်အိုလက်ထဲ ထည့်ပေးလိုက်ပါတယ်။

'' ကဲ့ရှင့့်သိချင်နေတဲ့
ဒီသေတ္တာလေးကို ဖွင့်ကြည့်လိုက်ပါတော့''

အဖိုးက အဲ့သေတ္တာလေးကို ဖွင့်လိုက်တဲ့အခါ
လက်လုပ်အရုပ်ကလေးနှစ်ရုပ်နဲ့
ပေါင် ၃၀၁၀၀ တိတိထွက်လာပါတယ့်
ဒါနဲ့ အဖိုးအိုက အမယ်အိုရဲ့လက်ကို
ဖွဖွလေးကိုင်ရင့်း့

'' ဒီပိုက်ဆံတွေက
ဘယ်လိုလုပ်ရတာလဲရှင်မရယ့်
ပြီးတော့ ဒီအရုပ်ကလေးနှစ်ရုပ်ရဲ့
အဓိပ္ပါယ်ကကော ''

အဖိုးအိုက အဲ့ဒီလိုမေးတော့
အမယ်အိုက ဒီလိုပြန်ဖြေပါတယ့်

'' ရှင်နဲ့ လက်ထပ်တဲ့နေ့က ကွုန်မရဲ့အမေက
ကွုန်မကိုဆုံးမတယ့်
ဒီမှာသမီးတဲ့ အိမ်ထောင်တစ်ခုဟာ
ထူထောင်ပြီးယင် တစ်သက်လုံးခိုင်မြဲဖို့ဆိုတာ မလွယ်ပါဘူးတဲ့ ဒီလိုခိုင်မြဲဖို့ဆိုတာ နှစ်ဦးသား စိတ်ကတောက်ကဆဖြစ်တဲ့အခါ
ဘာမဟုတ်တဲ့ပြဿနာလေးနဲ့
အိမ်ထောင်ကွဲတက်တယ် သမီး တဲ့
အဲ့လို မဖြစ်အောင် သမီးတို့
စိတ်ဆိုးစိတ်ကောက်ဖြစ်တိုင်း ဟော့ဒီ
အရုပ်လေး တွေလုပ်ပြီး
စိတ်ဖြေပါသမီးရယ်တဲ့ ''

အမယ်အိုရဲ့စကားလည်းဆုံးရော
အဖိုအိုရင်ထဲမှာ လှိုက်ခနဲဖြစ်သွားပါတယ့်

ဒါနဲ့အမယ်အိုရဲ့လက်လေးကို
တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း
အဖိုးအိုက ပြန်မေးမိတယ့်

'' ဒါဆို ဒီသေတ္တာလေးထဲက
အရုပ်နှစ်ရုပ်ပဲရှိတယ်ဆိုတော့
ကိုယ်တို့လင်မယားသက်တမ်းမှာ စိတ်ဆိုးစိတ်ကောက်ရန်ဖြစ်ခဲ့တာ
နှစ်ကြိမ်ပဲ ရှိတာပေါ့နော့်
နောက်ပြီး ဒီပိုက်ဆံတွေကကော
ဘယ်လိုလုပ်ရတာလဲဟင် ''

ဒါနဲ့ အဖွားအိုက ပြန်ဖြေလိုက်ပါတယ့်

'' ဖေကြီးရယ့်ကွုန်မမရှိတော့တဲ့နောက်ပိုင်း
ဒီငွေတွေနဲ့ရင်းနှီးလုပ်ကိုင် စားသောက်ပါနော် အင့်း့တကယ်တော့ ဒီပိုက်ဆံတွေဟာ
အရုပ်ကလေးတွေ ရောင်းရတဲ့ ပိုက်ဆံတွေပါပဲရှင် ''

(ဘာမဟုတ်တဲ့ပြဿနာလေးနဲ့ကမ္ဘာပေါ်မှာ
ရှိတဲ့ လင်မယားတိုင်းမကွဲကြ စေလိုပါ့

ကဲ့
ဒီပုံပြင်လေးထဲကအမယ်အိုလို
သည်းခံစိတ်မွေးကြပါစို့နော်)
Posted 18th June 2014 by အညာမြေ အရှင်သုမန

ကျေးဇူးတရား

မြန်မာတို့ ရဲ့  အရင်ခေတ်များစွာကနေ ဒီနေ့ ခေတ်ကာလအထိလူမှုဆက်ဆံရေးနယ်ပယ်မှာ ကျေးဇူးတရားနဲ့ ကျေးဇူးသိတတ်မှု ဆိုတာ ဘာသာရေးအရရော၊ အမျိုးဂုဏ်အရ မြင့်မြတ်လှပါတယ် ။
မြန်မာတို့ ရဲ့ ကျေးဇူးတရားသိတတ်မှုကို အစောဆုံးစာပေ အနေနဲ့ ပုဂံခေတ်က ရာဇကုမာ ကျောက်စာမှာအစောဆုံးတွေ့ နိုင်ပါတယ်.။ကျေးဇူးတရားနဲ့ ကျေးဇူုးသိတတ်မှု ဆိုတာကို
မြန်မာတို့ ရဲ့ ခေတ်အဆက်ဆက် လူ့ ယဉ်ကျေးမှု စံအနေနဲ့ ပါ အလေးထားသတ်မှတ်ခဲ့ကြပါတယ် ။ သာဓကတို့ မရှားလှပါ ။
ငယ်ငယ်ကသင်ခဲ့ရတဲ့ သူရဲကောင်း ငခင်ညို ဇာတ်လမ်းလေးမှတ်မိကြဦးမယ်ထင်ပါတယ် ။

သူ့ အရှင် ငါးစီးရှင် ကျော်စွာ က ရန်ဘက်တော် စောယွန်းမင်းကိုလုပ်ကြံခိုင်းပါတယ်။ ငခင်ညိုလည်း အခွင့်မသာတာနဲ့ တောထဲ သုံးလေးရက်လောက် ပုန်းအောင်းနေပြီးမှ ရန်သူအလစ်မှာ စောယွန်းနန်းဆောင်ထဲ အလစ်ဝင်ပါတယ် ။ အဲဒီမှာ ထမင်းမစားရလို့ ဆာလောင်မွတ်သိပ်နေတဲ့ ငခင်ညို ဟာ စောယွန်းမင်းရဲ့ နတ်တင်ထမင်းပွဲကိုတွေ့ ပါတော့တယ် ။ ဘုရင့် အမိန့် ကိုအသာထားပြီး ၀မ်းရေးကိုအရင် ဖြည့်ဆည်းလိုက်ပါတယ် ။စားသောက်ကိစ္စပြီးတာနဲ့ ဘုရင့်အမှုကိစ္စ တာဝန်ကြေဖို့  စောယွန်းကိုသတ်ဖို့  ကြံပါတယ်။ စက်တော်ခေါ်နေတဲ့ စောယွန်းမင်းကို ခုတ်ပိုင်းသတ်လိုက်ရင် အလွယ်လေးပါပဲ ။
ဒါပေမယ့် ဒီနေရာ သမိုင်းတွင်စေမယ့် ငခင်ညိုရဲ့ သမိုင်းဝင် စိတ်ထား တွေ့ ရပါပြီ။ " ငါဟာ စောယွန်းမင်းရဲ့ နတ်တင်ထမင်းကိုကိုစားလိုက်ရလို့  ဒီမင်းဟာ ငါ့ရဲ့ ထမင်းရှင် ဖြစ်ခဲ့ပြီ..
သူ၏ကျေးဇူးသည် ငါ့မှာရှိခဲ့ပြီ ..ထမင်းရှင် ကျေးဇူးရှင်ကို ငါ ပြစ်မှားသော်၊ သံသရာအဆက်ဆက်၌ ငါနစ်မွန်းတော့မည် ။ ငါ့အရှင် ၏ အမှုတော်ကို မကျေခဲ့လျှင် ဒီတစ်ဘ၀ သာလျှင်သေရမည် .." ဟု တွေးတောဆင်ခြင်ပြီး စစ်ကိုင်းစောယွန်းမင်း၏ ပတ္တမြား ကျောက်စီဓားကို သက်သေခံ၍ အသင်္ခယာစောယွန်းကိုမသတ်ခဲ့ပဲ ငါးစီးရှင်ကျော်စွာထံ ပြန်ခဲ့လေ၏ ။

ငခင်ညိုလည်း ပြန်ရောက်သောအခါ ပတ္တမြားကျောက်စီဓားကို ဆက်၍ အဖြစ်ကြောင်းကုန်စဉ်ကို လျှောက်တင်လေသည် ။ဤတွင် ငါးစီးရှင် ကျော်စွာကလည်းသူ၏အမှုတော်ကိုဆောင်ရွက်ရန် ပျက်ကွက်ခဲ့သောသူရဲကောင်း ငခင်ညို၏ လျှောက်တင်ချက်ကို လေးနက်စွာ စဉ်းစားဆင်ခြင်လေသည်။
'' ငခင်ညို သည် တလုပ်တဇွန်းမျှသော သူတစ်ပါး၏ ထမင်းကို စားမိသည်ကြောင့် ဤမျှသောကျေးဇူးကို ထောက်ထားသိမြင်၏ ..ငါ၏ နေ့ စဉ်မပျက် သားမယားနှင့်တကွ ကျွေးမွေးပြုစုခဲ့သောကျေးဇူး ကိုဆိုပါလျှင် ဆိုဖွယ်ရာမရှိပြီတည်း ' ဟု များစွာကျေနပ်အားရ၍ များစွာသော ဆုလာဘ်ကို ချီးမြှင့်လေသည် ။

                     နန္ဒ(ကမ္ဘာသစ်)