Friday, February 27, 2015

Rootဆိုတာဘာလဲ


Rootဆိုတာဘာလဲ

Rootဆိုတာမြန်မာလိုအမြစ်တူးခြင်းလို့
အဓိပ္ပါယ်ရပါတယ်။ဥပမာပြောရရင်ကျားကိုအတောင်ပန်တပ်ပေးတာပါ။
Androidဖုန်းတစ်လုံးမှာrootမရှိရင်
ထောဂ်ကျနေတဲ့လူသားတစ်ယောက်လိုပါပဲ။ဘာလုပ်လုပ်စည်းနဲ့၊ကမ်းနဲ့၊သူတို့ခိုင်းတာပဲလုပ်၊သူတို့ကျွေးတာပဲစားနေရတဲ့ဘ၀။
Rootဖောက်လိုက်တာဟာထောင်ဖောက်သလိုမျိုးပါ။စည်းကမ်းမဲ့သွားမယ်။မိမိစိတ်တိုင်းကျမိမိဘ၀ကိုချယ်လှယ်နိုင်မယ်။အနာဂါတ်အိမ်မက်လှလှလေးတွေမက်နိုင်မှာပါ။ဒါကလည်းမိမိနဲ့လည်းဆိုင်ပါတယ်။ထောင်ဖောက်ထွက်လာပြီးပျက်စီးချင်ရာပျက်စီး၊မိမိစိတ်အလိုကိုမကောင်းတဲ့နေရာ၊မဟုတ်တဲ့နေရာမှာသွားဦးစားပေးမိရင်တော့မိမိဘ၀(မိမိဖုန်းဘ၀)ဟာ
ပျက်စီးတော့မှာပေါ့။
ထို့ကြောင်Rootဖောက်ပြီးလျှင်ကောင်း
မွန်စွာအသုံးချပါ။မသိလျှင်ရမ်းမလုပ်ပါနဲ့။
အစားမတော်တစ်လုပ်၊အသွားမတော်တစ်လှမ်းပါပဲ။တစ်ကွက်မှားတာနဲ့ဖန်လုံး
(Firmware)ကျသွားမှာပါ။

ဖန်လုံး(Firmware)ကဘာတုန်း

ဖန်လုံးဆိုတာဘာလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျ။ဥပမာပြောပြရင်
ဖန်လုံးကို အူကလီစာ၊အသည်းနှလုံးလို့ပဲ
မှတ်ယူကြရအောင်ဗျာ။
ဖန်တစ်လုံးကိုမိမိကကလိလို့တစ်ကွက်မှားသွားလို့အူမကြီးတစ်ချောင်းကိုသွားထိမိရင်အဲ့ဒီ့ဖုန်းကဆန့်ငင်ဆန့်ငင်နဲ့ဖုန်းပြန်မပွင့်လာတော့ပါဘူး။
ဒီလိုအချိန်မျိုးမှာဆိုကျွန်တော်တို့ကအူကလီစာအတွဲလိုက်လဲပေးရပါတော့မယ်။မလဲပေးရင်အသက်မရှင်တော့ဘူးလေ။ဒါကြောင့်အူကလီစာကိုအသစ်ပြန်လဲပေးရတာပေါ့
တစ်ချို့ကျတော့လည်းအူကလီစာကိုအ
သစ်လဲတဲ့အနေနဲ့နေရင်းထိုင်ရင်းသွင်းနေကြတာရှိပါတယ်။Rootဖောက်တယ်ဆိုတော့အဲ့ဒီ့အူကလီစာကိုပါကလိခွင့်
ရသွားပါတယ်။ကလိတတ်ရင်တော့အဲ့ဒီ့အသည်းနေရာမှာရိုးရိုးအသည်းထည့်မလား၊ရှယ်အသည်းထည့်မလား
ဒါမှမဟုတ်အူကလီစာကိုရွှေချမလားပေါ့။
မကလိတတ်ရင်တော့အပေါ်မှာပြောသ
လိုအူပြတ်ပြီးသေတတ်ပါတယ်။

ဖန်လုံးကိုဘယ်မှာရနိုင်မလဲ

ဖန်လုံးဘက်မှာဆိုရင်Samsungကရှာရ
လွယ်ကူပါတယ်။SamMobileဆိုတာအူ
ကလီစာတွေရောင်းတဲ့ကုန်တိုက်ကြီးတစ်
တိုက်ပေါ့။SamMobileဆိုင်မှာမွှေနှောက်
ပြီးရှာနိုင်ပါတယ်။ဒါမှမဟုတ်googleဆို
တဲ့လမ်းဘေးဆိုင်မှာကိုယ့်ဖုန်းရဲ့နာမည်
ဥပမာ Stanley Cnရဲ့အူကလီစာအတွဲ
ဝယ်မယ်လို့သာရေးထည့်လိုက်ပါ အစု
လိုက်အပြုံလိုက်မှိုလိုပေါက်အောင်ထွက်လာမှာပါ။ဒါကိုကSamsungဖုန်းရဲ့အားသာချက်ပေါ့ဗျာ။တရုတ်android
ဖုန်းတွေအတွက်ကလီစာအတွဲရှာမယ်
ဆိုရင်အဲ့ဈေးတန်းမှာပျောက်သွားတဲ့ပိုက်ဆံလိုပါပဲ။ပြန်တွေ့ချင်ပြန်တွေ့မယ်။မတွေ့
ချင်မတွေ့ဘူးပေါ့ဗျာ။တွေ့သွားတဲ့လူက
လည်းမသိမသာသိမ်းထားတာမျိုးရှိတာ
ပေါ့။

ဖန်လုံးကနိုင်ငံအမျိုးမျိုးရှိလား

သိပ်ရှိတာပေါ့ဗျာ။ထိုင်းကလီစာအတွဲက
မြန်မာတွေနဲ့အသင့်တော်ဆုံးပဲဗျ။သူက
Version အမြင့်ဖုန်းတွေဆိုမြန်မာဘာသာ
တောင်ပါလိုက်သေးတယ်။ထိုင်းကလီစာ
ယူမလား၊ဗီယက်နမ်ကလီစာယူမလား၊
အိန္ဒယကလီစာယူမလား၊ဂျာမဏီကလီ
စာယူမလားအမျိုးမျိုးရှိပါတယ်။

ခုဏပြောတဲ့Versionကဘာလဲ

ဪversionဆိုတာမြန်မာလိုအဆင့်လို့
ပဲမှတ်ယူထားဗျာ။ဥပမာ သူကြီးပြီးတော့
သူကြီးသားပေါ့။သူကြီးသားပြီးတော့သူ့
တပည့်လူမိုက်တွေပေါ။
အဆင့်အတန်းပေါ့ဗျာ။ဟော့ Android
မှာဆိုversion2.3.6ယူမလား4.1.2ယူ
မလား4.2.2ယူမလား4.3,4.4.2,4.4.4
ယူမလားအဆင့်အတန်းများစွာခွဲခြား
ထားပါတယ်။အရင်ကဆို4.4.4က
သမ္မတပေ့ဗျာ။အခု5.0ထွက်လာတော့
5.0ကသမ္မတဖြစ်သွားပါတယ်။Version
4.4.2အတွက်ဆိုROMတွေတောင်ထွက်ရှိနေပါပြီ။ကိုယ့်ဖုန်းကိုနဂိုဝယ်လာတဲ့ပုံတုံးကြီးနဲ့မကြည့်ချင်တော့ဘူးဆိုအခြားနာမည်ကြီးတဲ့ဖုန်းS5
တို့Note3တို့အဲ့ဖုန်းတွေရဲ့ROMလေးတွေတင်ပြီးကိုယ့်ဖုန်းလည်းလန်းနိုင်ပါပြ။ီ
ဒါတောင်Samsungမှရတာနော်။
Rootအကြောင်းသိလောက်ရောပေါ့။

Androidဖုန်းတစ်လုံးကိုင်ဆောင်ထားတဲ့သူဟာrootဖောက်ထားမှသာစိတ်ကြိုက်လုပ်ဆောင်နိုင်ပြီးစပယ်ရှယ်အကောင်းဆုံးsoftwareတွေအသုံးပြုနိုင်မှာဖြစ်ပါတယ်။တစ်ချို့ကrootဖောက်တာကိုမြန်မာစာထည့်ဖို့တစ်ခုထဲအတွက်ပဲသိထားကြတယ်။ဖုန်းတစ်လုံးကိုကိုယ်ဝယ်ထားပေမယ့်rootမဖောက်ကသေးရင်အဲ့ဖုန်းကိုကိုယ်အပြည့်အ၀မပိုင်ဆိုင်သေးပါဘူး။rootဖောက်ပြီးမှသာစိတ်ကြိုက်systemအတွင်းပိုင်းထိဝင်ကလိ၊၀င်ပြီးပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။Rootဖောက်လိုက်ရင်ကိုယ့်ဖုန်းကိုလုပ်တတ်လျှင်လုပ်တတ်သလောက်ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။Rootောဖက်ပြီးမြန်မာဖောင့်သွင်တယ်ဆိုတာကလည်း
System fount floderထဲကိ
ဇော်ဂျီဖောင့်သွင်းတာပေါ့ဗျာ။အဲ့Systemထဲဝင်ဖို့ကrootဖောက်ထားမှဖြစ်မှာမို့ပါ။Rootဖောက်ထားလို့ရမယ့်အကျိုးကျေးဇူးတွေကတော့တစ်ပုံကြီးပါ။ဆိုးကျိုးကတော့ဝယ်လာတုန်းကရခဲ့တဲ့အာမခံချက်လေးပျက်သွားမှာပါ။တော်ရုံFacebookသုံး၊ဗွီဒီယိုကြည့်ရုံလေးဆိုရင်တော့rootဖောက်စရာမလိုပါဘူး။
Setting/Display/font styleမှာသွား
ချိန်းပေးရုံပါပဲ။ဒါတောင်Browser,google,You tube,Myanmar apkတွေမှာမြန်မာလိုမြင်ရမှာမဟုတ်ပါဘူး။
Rootဖောက်ပြီးမြန်မာစာရရှိလာခြင်းဟာrootဖောက်လို့ရရှိလာမယ့်အကျိုးကျေးဇူးရဲ၁ရာခိုင်နှုန်းသာရှိပါတယ်။ကုန်ကုန်ပြောရရင်rootဖောက်စေချင်တယ်။Androidစက်ရုပ်ဖုန်းrootမရှိတာဟာဆားမပါတဲ့ဟင်းချိုတစ်ခွက်ကိုသူများရှေ့မှာအိုက်တင်ခံပြီးထိုင်သောက်ပြနေရသလိုပါပဲ။Rootမရှိတဲ့ဖုန်းဟာလေဖြတ်နေတဲ့သူတစ်ယောက်လို၊အင်တာနက်မရှိတဲ့ကွန်ပျူတာတစ်လုံးလိုပါပဲ။
ဒီမှာတစ်ခုပြောချင်တာကတစ်ချို့ကrootဖောက်လိုက်ရင်ဆိုးကျိုးတွေအများကြီးရှိလာနိုက်တယ်လို့ထင်နေကြတယ်။Rootဖောက်လို့ဆိုးကျိုးမရှိပါဘူး။Rootမမှန်ရင်သာဆိုးကျိုးရှိနိုင်တာပါ။Rootဖောက်လို့ဆိုးကျိုးရှိမယ်ဆိုrootဆိုတဲ့ဝေါဟာရပေါ်လာမှာမဟုတ်ပါဘူး။တစ်ချို့ကrootဖောက်ချင်ရင်Promyanmar rootတို့
V rootတို့Baidu rootအစရှိတဲ့တရုတ်rootဖောက်တဲ့softwareတွေကိုအသုံးပြုပြီးဖောက်ကြပါတယ်။
ပြသနာကတော့ဒီမှာပါပဲ။တရုတ်softwareတွေနဲ့အလွယ်လိုက်ပြီးrootဖောက်ခြင်းဟာရေရှည်မှာဆိုးက်ျိုးများပါတယ်။ဘတ္ထရီပိုပူလာမယ်၊အကုန်မြန်လာမယ်၊ဖုန်းလေးလာမယ်၊ထစ်လာမယ်၊ဟန်းလာမယ်၊တွေးကြည့်ရင်အများကြီး အများကြီး။သေချာလေ့လာကြည့်ရင်မသင့်တော်ပါဘူး။ကိုယ့်ဖုန်းကိုကိုယ်ချစ်တယ်။ရေရှည်မှာကောင်းကောင်းသုံးချင်တယ်ဆိုရင်ပေါ့။တရုတ်Androidစက်ရုပ်ဖုန်းတွေကိုတော့မပြောလိုပေမယ့်Samsungလိုအကောင်းစားဖုန်းတွေကိုတရုတ်softwareတွေနဲ့rootမဖောက်ပါနဲ့။Samsungကိုတရုတ်နဲ့ဖောက်ခြင်းဟာကိုယ့်သမီးကိုကုလားနဲ့ပေးစားတာနဲ့အတူတူပါပဲ။Samsungဖုန်းများကိုဖြစ်နိုင်လျှင်ကွန်ပျူတာအသုံးပြုပြီးonlineကတစ်ဆင့်CF Auto Rootနဲ့ပဲrootကြပါလို့အကြံပေးချင်ပါတယ်။Samsungကိုမှန်ကန်သောrootဖောက်နည်းနောက်တစ်မျိုးကCWMသွင်းပြီးRoot Zipဖိုင်ကိုCWMကနေInstalleနည်းပါပဲ။ကွန်ပျူတာအခက်အခဲရှိရင်တောင်ဆိုင်မှာလုပ်ခိုင်းသင့်ပါတယ်။တရုတ်softwareတွေနဲ့အလွယ်လိုက်ပြီးဖောက်လိုက်လို့ရေရှည်မှာပြသနာerrorတက်ရင်rootကြောင့်လို့တစ်ချို့ကထင်တယ်။အမှန်တော့ကိုယ့်အမှားပါ။
တစ်ချို့ကဖုန်းကိုrootဖောက်ပြီးလျှင်ဖုန်းပိုပူလာတယ်၊ပိုထစ်လာတယ်ဆိုပြီးUnroot softwareတစ်ခုခုနဲ့rootပြန်ထုတ်တတ်ကြတယ်။ဒါမှားပါတယ်မrootခင်ကသေချာစဉ်းစားရမှာဖြစ်ပါတယ်။rootပြီးသားဖုန်းတစ်လုံးကိုUnrootပြန်လုပ်ယုံနဲ့ဘာအကျိုးကျေးဇူးမှရရှိလာမှာမဟုတ်ပါဘူး။သဘောကအိုပြီးသွားတဲ့အပျိုတစ်ယောက်ဟာပြန်မပျိုတော့ပါဘူး။Rootမကြိုက်လို့rootပြန်ဖြုတ်ချင်ရင်Firmwareသာအသစ်ပြန်တင်လိုက်ပါ။ဒီတစ်နည်းပဲရှိပါတော့တယ်။
စက်ရုပ်ဖုန်းလက်ဝယ်ကိုင်ဆောင်ထားလျှင်rootဖောက်ကြပါ။ဒါမှသူများလန်းသလိုကိုယ်လည်းလန်းမယ်။စိတ်ကြိုက်ချယ်လှယ်နိုင်မယ်။စိတ်ကြိုက်softwareသုံးနိုင်မယ်။အသိပညာဗဟုသုတတိုးပွားမယ်။
ဒါပေမယ့်....rootနည်းမှန်ပါစေ

သက်ဆိုင်သူကကိုcreditပေးပါတယ်

အဆိပ်သင့်ဆိုလာ

"အဆိပ်သင့် ဆိုလာ"
ဆိုလာပြားတွေကို အထူးသဖြင့်လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေမှာအသုံးများတာတွေ့ရပါတယ်
ဆိုလာပြားတွေဟာ ပြုပြင်ထိန်းသိမ်းစရာမလိုပဲ နှစ်ပေါင်းများစွာကြာရှည်ခံတယ်
မီးစက်တွေလို လောင်စာဆီဖြည့်စရာမလိုဘူး၊ သဘာဝပတ်ဝန်းကျင်ရင်းမြတ်တွေယူသုံးစရာမလိုတဲ့အတွက်
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်တယ်၊
အလွယ်တကူရွှေပြောင်းတပ်ဆင်နိုင်တယ် မနက်နေရောင်ခြည်ရချိန်မှညနေနေ၀င်သည်အထိ
ကျေးလက်ဒေသရဲ့ လယ်ထဲမှာ ကန်သင်းပေါ်မှာ လမ်းပေါ်မှာ ကန်ဘောင်ပေါ်မှာ တဲပေါ်မှ
တစ်စတစ်စပေါများစွာ သုံးစွာလာနေတာတွေ့နေရပါပြီ
ဒီမြင်ကွင်းလေးတွေ သွားလာရင်းမြင်တွေ့ခဲ့တိုင်း အလွန်ဝမ်းသာခဲ့ပါတယ်
တချိန်က အာကာသလွန်းပြန်ယာဉ်တွေမှာအဓိကသုံးစွဲတာမြင်ဘူးခဲ့တဲ့
ဒီလိုနည်းပညာသုံးပစ္စည်းတွေ ကျေးလက်ဒေသအထိ
အလွယ်တကူလက်လှမ်းမီသုံးစွဲလာနေတာတွေတွေ့ရတဲ့အခါတိုင်းပေါ့ - - -
ကျွန်တော်တို့သိထားတဲ့ ဆိုလာ ကောင်းကျိုးတွေရဲ့နောက်ကွယ်က ကြောက်စရာ ထိပ်လန့်တုန်လှုပ်စရာ
အဆိပ်အတောက်တွေဖြစ်စေမယ့် ဓါတုသဘောတရားတွေအကြောင်းမသိခင်အထိပေါ့ - - -
သဘာဝပတ်ဝန်းကျင်ကိုထိန်းရာရောက်တယ်လို့ သိထားတဲ့ဆိုလာတွေမှာလဲ
အဆိပ်အတောက်တွေထုတ်ပေးတဲ့ သဘာဝပတ်ဝန်းကျင်ရေထုမြေထုနဲ့
အပင်တွေအစားအသောက်တွေကို ဓါတုအဆိပ်သင့်စေတဲ့ပစ္စည်းပါဝင်တဲ့အကြောင်း
ကိုရဲထွန်းဦးရေးသားဖေါ်ပြတဲ့ အကျိုးကြီးတဲ့အသိပညာတွေ့လို့
အောက်မှာကူးယူဖေါ်ပြလိုက်ပါတယ် အားလုံးသောစိုက်ပျိုးရေးနယ်ပယ်၊
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနယ်ပယ်မှ သူငယ်ချင်းမိတ်ဆွေများမိမိတို့လက်လှမ်းမီသမျှသတင်းဖြန့်ဝေရင်း
အဆိပ်အတောက်ပါဝင်တဲ့ ဆိုလာတွေ မြန်မာပြည်ကို ဒုနဲ့ဒေး ၀င်ရောက်မလာခင် ဟန့်တားကြပါစို့လို့ တိုက်တွန်းပါရစေ-
>>ယခုမှစတင်ဝယ်ယူမည့်သူများ ဓါတုအဆိပ်ဓါတ်မပါတဲ့ဆိုလာပြား များကိုရွေးချယ်ဝယူနိုင်ပါစေ -
>>တင်သွင်းရောင်းချတဲ့ ကုန်သည်များလဲ မိမိအကျိုးစီးပွားတစ်ခုထဲမကြည့်ပဲ ဓါတုအဆိပ်ဓါတ်မပါဝင်သည့် ဆိုလာများသာ
တင်သွင်းရောင်းချခြင်းဖြင့် နောင်အရှည်စိတ်ဓါတ်သန့်ရှင်းကြည်လင်နိုင်ပါစေ -
>>သိရဲ့နဲ့ထုတ်လုပ်သူ မူရင်းနိုင်ငံမှ သူတွေတော့ (ကျွန်တော်လက်လှမ်းမမီတဲ့အတွက် ဘာမှမပြောလိုပါ သူ့သဘောသူဆောင်ပေါ့) -
အောက်မှာ ကိုရဲထွန်းဦး ရေးသားတင်ပြထားတဲ့ အန္တရာယ်ရှိအဆိပ်ပါဝင်တဲ့ ဆိုလာပြားနဲ့ အဆိပ်ဓါတ်ကင်းဆိုလာပြား
အကြောင်းမူရင်းအတိုင်းပါခင်ဗျာ -

Cadmium သုံး ဆိုလာပြားတွေနဲ့ ပတ်သက်ပြီး ဒါတွေ သိပါသလား။

၁။ Cadmium သည် ကမ္ဘာပေါ်ရှိ အဆိပ်အပြင်းဆုံး ၆မျိုးတွင် တမျိုး အပါအဝင်ဖြစ်သည်။

၂။ Cadmium ပါသော ဖလင်ပြား ဆိုလာပြားများကို ကိုင်တွယ်ရာတွင် သင့်လျော်သော လက်အိပ်များ ပါရမည်။ သိနားလည်သူများ သယ်ဆောင် တပ်ဆင်သင့်သည်။

၃။ Cadmium ပါသော အမှုန်အမွှားများ၊ ရှုမိ၊ စားမိပါက အဆိပ်ဖြစ်သည်။

၎။ ဆိုလာပြားများတွင် သုံးထားသော Cadmium ကွန်ပေါင်းသည် ကြာလာလျင် ဆားပွင့်လာသည်။ အဆိုပါဆားသည် Cadmium Chloride ဖြစ်ပြီး လွန်စွာအဆိပ်ပြင်းသည်။

၅။ တရုတ်နိုင်ငံသည် ပြည်ပသို့ တင်ပို့မည့် ဆိုလာပြားများတွင်သာ Cadmium ကို ထည့်သွင်းအသုံးပြုခွင့် ပေးထားသည်။ ပြည်တွင်းသုံး ဆိုပါက Cadmium Free ဆိုလာပြားများကိုသာ သုံးစွဲရမည်ဟု တင်းကျပ်စွာ သတ်မှတ်ထားသည်။

၆။ ဆိုလာပြားသည် ကွဲခြင်း အက်ခြင်း၊ အိမ်အမိုးတွင် တပ်ဆင်ရာတွင် အချွန်နှင့်ထိုးမိခြင်း၊ သယ်ပို့ရာတွင် အပေါ်ယံ မျက်နှာပြင် ဖန်သား စားသွားပြီး ပါးနေခြင်း၊ ဖြစ်နေပါက မိုးရွာလျင် ရေထိပါက Cadmium ဓါတ်ပေါင်းများသည် ရေတွင် ပျော်ဝင်လာနိုင်ပါသည်။ အဆိုပါ မိုးရေကိုခံသုံးပါက အန္တရာယ်ရှိပါသည်။ အဆိုပါရေအား စိုက်ခင်းထဲသို့ သွင်းမိပါက အဆိုပါစိုက်ခင်းစားသုံးရန်မသင့်လျော်။

၇။ ဆိုလာပြားအကွဲများကို မြစ်ချောင်း အင်းအိုင်များအတွင်း စွန့်ပစ်မိပါက အင်းတခုလုံး၊ မြစ်တခုလုံး ငါးမျိုးသုန်းနိုင်သည်ကို သိပါသလား။

၈။ ထို့ကြောင့် နိုင်ငံတကာတွင် Cadmium Free ဆိုလာပြားများကိုသာ တွင်ကျယ်စွာအသုံးပြုလျက်ရှိလာနေပါသည်။

ရဲထွန်း
(ဂျပန်မြန်မာ ပူးတွဲအကောင်ထည်ဖေါ်သည့် မြန်မာနိုင်ငံအစားသောက် ကိုယ်ပိုင်စံညွှန်များ ပြုစုရေး အလုပ်ရုံဆွေးနွေးပွဲများ နာရီပေါင်း ၅၀၀ ကျော် စကားပြန်ဆောင်ရွက်ရာမှ တွေ့ကြုံခဲ့သည်များ၊ ဂျပန်နိုင်ငံ ဆိုလာပြားထုတ်လုပ်ရေးလုပ်ငန်းများ၏ ရှင်းလင်းပြောကြားချက်များ၊ မိမိဖတ်ထားမှတ်ထားသည်များ စုပေါင်းရေးသားသည်။)

မူရင်းရေးသားတင်ပြသူ = Ye Tun Oo
ရယူခဲ့သည့် သတင်းရင်းမြစ်=https://www.facebook.com/yto.vivo
Timeline Photos · Feb 24 at 11:41am ·
View Full Size · Send as Message · Report Photo

Wednesday, February 18, 2015

ခရမ်းပြာထက်လူရဲ့ကဗျာ

ဒီအသံလောက် ၀မ်းနည်းစရာကောင်းတာမျိုး
ဘယ်ဂီတနဲ့ဘယ်စစ်ပွဲတွေထဲမှာမှ ဘယ်သူမှ ကြုံဖူးခဲ့လိမ့်မယ်မဟုတ်ဘူး။

ဒီအသံကြားတဲ့အချိန် ရောက်တဲ့နေရာရပ်
အစာဖြတ် ရေဖြတ် အောက်စီဂျင်ဖြတ်ပြီးနေတာတောင် ငါ့နှလုံးသားက အဆင်သင့်မဖြစ်ခဲ့ဘူး။

ဒီအသံက
ငါ့ခန္ဓာကိုယ်ကြီးကို တစ်စစီဖြစ်အောင် အစိပ်စိပ်အမွှာမွှာ ဖေါက်ခွဲပစ်နိုင်သလို
ဒီအသံက
ကြက်သီးတဖြန်းဖြန်းထနေတဲ့ ငါ့ခန္ဓာကိုယ်ထဲက ကင်ဒိုဓါးတွေကိုအတောင်ထပေါက်
အရေပြားကိုဖေါက်ထွက် ပျံတက်သွားစေတယ်။

ဒီအသံဟာ
ငါ့လူငယ်ဘ၀နဲ့အိမ်ထောင်ရက်သားကျပြီး
သီချင်းမွေးဖို့ကိုယ်ဝန်ဆောင်နေတဲ့ဂစ်တာကိုတောင်ကျစ်ကျစ်ပါအောင်ဆုပ်
နံရံနဲ့ ပြေးပြေးရိုက်ပစ်ချင်လောက်အောင် သွေးကိုဆူစေတယ်။

ပြီးတော့ ဒီအသံဟာ
သံမဏိတောင်တန်းကြီးတွေကို တစ်ကိုယ်လုံးပျော့ပြဲကျစေပြီး
ဒီအသံဟာ ပြီးတော့
ဆောင်းရာသီ အာတိတ်မြေခွေးတစ်ကောင်ရဲ့အထီးကျန်မှုကို ပိုပြီးအေးစက် သွေးပျက်သွားစေတယ်။

အာရုံခံကြည့်စမ်းပါ ဗျာတို့
ဒီအသံဟာ အသံတိတ်ပြေးပြီးလာနေတဲ့ကျည်ဆန်တစ်တောင့်
နဖူးတည့်တည့်ကိုဗြန်းကနဲဝင်ဆောင့်ပြီး ဖြန်းကနဲပွင့်ထွက်သွားတဲ့သွေးစက်တွေ
နံရံဖြူဖြူတစ်ချပ်ပေါ်ပြန့်ကျဲပစ်ကျသွားသလိုမျိုး။

ဒီအသံကိုကြားလိုက်ရရင်
လက်စားချေလိုမှုကို ပါဆယ်ကောင်းကောင်းထုပ် ငါ…သံသရာအထိလိုက်သွားချင်တယ်ဆိုတာမျိုး။

ဒီအသံကိုကြားလိုက်ရရင်
လက်ဟာ ဓါးရိုးပေါ် အလိုလိုပျံတက်သွားသလိုမျိုးလည်းဖြစ်ခဲ့တယ်။

ဒီအသံဟာ
ငါတို့ရဲ့စုထားဆောင်းထားတဲ့မနက်ဖြန်အတွက်နေရောင်ခြည်ကို
တစ်ဝိုင်းလုံး ဖဲလိမ်ရိုက်ပြီး အမှောင်ကိုဆောင့်ကြီးအောင့်ကြီးပြန်ပြီးပစ်လျော်ပေးခဲ့တဲ့အသံ။

ဒီအသံဟာ
တစ်မျိုးလုံးကိုချော်ရည်ပူတွေအောက် ပစ်ထည့်ပြီး တစ်ဆွေလုံးကိုဓါးစက်တွေပေါ်ချကြွေးခဲ့တဲ့အသံပဲ။

ဒါပေမယ့် ဒီအသံကိုဆာဆာနဲ့ ငါတို့စောင့်နေခဲ့တယ်
ဒါပေမယ့် ဒီအသံကို နာနာနဲ့ ငါတို့စောင့်နေခဲ့ကြတယ်
ဒီအသံကို ဒီအချိန်ရောက်ရင် ဒီရောက်တဲ့နေရာကရပ်
ဦးညွှတ်ဂါရ၀ ငါတို့အလေးပြုချင်လို့ ငါတို့ ထာဝရစောင့်ခဲ့ကြတယ်။

ဒါပေမယ့် ဒီကနေ့ သင်းတို့ပြောတာက
မင်းတို့အဆုတ်တွေပြဲထွက်သွားဖို့ဆိုရင်
စီးကရက်တွေကိုပဲရှိုက်ဖွာကြ ၀မ်းနည်းမှုကိုတော့ ရှိုက်လို့မရဘူးကွတဲ့။

မင်းတို့ ဦးခေါင်းတွေ ညွှတ်ကျ ချချင်တယ်ဆိုရင်
သွေးမြေပဲကျကြ ပန်းခွေတော့ချလို့မရဘူးကွတဲ့။

၁၉ ဇူလိုင်
တစ်ကယ့် ငရဲကြီး ၈ ထပ်နဲ့ လက်ထပ်ထားတဲ့တိုင်းပြည်ပဲ။

၁၉ဇူလိုင်
ဝမ်းနည်းကြေကွဲခြင်း ဥသြဆွဲသံတွေအစား
ခြောက်ခြားဖွယ်အူသံတွေသာ နိုင်ငံနဲ့အ၀ှမ်း လွင့်ပျံ့လှိုင်တက်နေခဲ့ရတယ် သူငယ်ချင်းတို့ရေ။ ။

ခရမ်းပြာထက်လူ

( ၂ ၀ ၁ ၃ )

သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေသြဇာလုပ်ပေးမယ့် ကဗျာ (၃) ► .. ခရမ်းပြာထက်လူ

◄ သံမဏိနှင်းဆီအတွက် တစ်ကိုယ်လုံးမီးရှို့ မြေသြဇာလုပ်ပေးမယ့် ကဗျာ (၃) ► .. ခရမ်းပြာထက်လူ

သူပြောပြီးတဲ့ စကားတွေလည်းမှန်တယ်
သူမပြောရသေးတဲ့ စကားတွေလည်းမှန်တယ်။
နေရောင်ထဲ ငါ့မျက်လုံးတွေကန်းသွားသလို ဖြစ်ခဲ့ရင်လည်း ဒါ ငါ့အခွင့်အရေးပဲ
ရှေ့တစ်မျက်နှာစာအတွက်ပါ ပိုကန်းလိုက်ဖို့ ဒါ ငါ့ရဲ့ ဒီမိုကရေစီပဲ
ငါ့မှာအခွင့်အရေး ရှိတယ်
စောင့်ပြီးစောင့်ကြည့်ရမယ့် player တွေထဲမှာ သူမ မပါဝင်သမို့
ငါ့မျက်လုံးတွေ သူ့မျက်လုံးထဲ ဖေါက်ထည့်လိုက်မယ်။

သားသမီးယုံ စုံလုံးကန်းပဲ ငါကြားခဲ့ဘူးတာ
မိဘကိုယုံ စုံလုံးကန်းငါမကြားခဲ့ဘူးတာမို့
ငါ့လမ်းကို သူ့ဖိနပ်ထဲ ထည့်လိုက်တယ်။

သူက ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် မဟုတ်ဘူး
သူက တစ်နေ့တစ်လံ ပုဂံ ဘယ်ပြေးမလဲအထဲက။
သူက ငါ့လှေငါထိုး ပဲခူးရောက်ရောက် မဟုတ်ဘူး
သူက လှိုင်းကြီးလှေအောက် အထဲက။
သူက သတိမမူ ဂူမမြင် မဟုတ်ဘူး
သူက တောင်ကြီးဖ၀ါးအောက် အထဲက။

ပြောကြ မိုရှေဒါယန် ကန်းသလိုငါလိုက်ကန်းလိုက်မယ်
အလိုက်ကန်းဆိုးမသိ follow me သူ့ခွပ်ဒေါင်းတံဆိပ် အလံတော်နောက်က။

‘‘အမှန်တရားဘက်က ရပ်တည်ရင်
အမှန်တရားဆိုတာ ရှင့်အတွက် ဧရာမ အင်အားကြီးပါ။
အမှားဘက်က ရပ်တည်ရင်တော့
အမှန်တရားဟာ ရှင့်အတွက် ဧရာမ တုန်လှုပ်မှုကြီးတစ်ခုပေါ့’’ သူပြောခဲ့တာက။

ဘယ့်နှယ့်ရှိစ လူ့ဘ၀ကို ဘာအဓိပ္ပါယ်နဲ့ရောက်လာပြီး
ဘာရိက္ခာနဲ့ပြန်ထွက်သွားကြမလဲ ကဲ ခင်ဗျားတို့စဉ်းစားကြ။

ကျွန်တော့်အတွက်တော့ သူဟာ
မီးတောက်ထဲက အကြိမ်ကြိမ် ပြန်ခုန်ထွက်လာနေတဲ့
ဒဏ္ဍာရီထဲက ဖီးနစ်ငှက်တစ်ကောင်ပဲ။

ကျွန်တော့်အတွက်တော့ သူဟာ
ကောင်းကင်ရဲ့လျှို့ဝှက်ချက်မှာ ဒဏ်ရာတွေနဲ့ထက်မြက်
ဝိညာဉ်ကို ချွတ်ရင်းတပ်ဆင်ရင်း ကမ္ဘာနဲ့အဝေးမြင့်တက်လာခဲ့တဲ့ ယောနသံစင်ရော်တစ်ကောင်ပဲ။

သူမရှိရင် ငါမရှိတော့တဲ့ အမှောင်လို ငါမရှိရင် သူမရှိတော့တဲ့အလင်းလို
ကျွန်တော်တို့ ချိတ်ခဲ့မိကြ။
သူ မရှိရင် ရွှေတောင်ကြီး ပြိုသလို မြက်တစ်ပင်သေသွားသလိုလည်း
ဖြစ်တော့မှာပေါ့။

သူပြောခဲ့တယ်
ပျော့ညံ့တာမဟုတ်ဘူး ပျော့ပျောင်းခဲ့တာတဲ့။
သူပြောခဲ့တယ်
ဒူးတော့မထောက်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့
ဒူးခေါင်းဟာ တစ်ကိုယ်လုံးမှာ အမာကြောဆုံးနေရာဖြစ်လို့ပဲတဲ့။

ကဗျာဆရာလို ဖီလိုဆိုဖာလို တရားဟောဆရာတစ်ယောက်လို
သူ့ကို ငါကြိုက်တယ်
ငါကြိုက်တဲ့ ကဗျာကို ငါချစ်တဲ့ ကမ္ဘာကြီးနဲ့ မလဲနိုင်သလိုပေါ့
ငါကြိုက်တယ်။

Soctt ပြောခဲ့သလိုပေါ့တဲ့ သူပြန်ပြောခဲ့တာက
ကျွန်တော်တို့တစ်တွေ စပြီးလိမ်တာနဲ့ သပွတ်အူလိုက်တော့တာပါပဲတဲ့
စစ်ထောက်လှန်းရေးတွေ
ကျွန်မကို ခဏခဏမေးမှာက ဘယ်သူတွေနောက်က ထောက်ပံ့ကူညီမှုနဲ့
ရှေ့ကိုရွေ့နေသလဲပေါ့
ကျွန်မ ဒီမေးခွန်းတွေကို မဖြေနိုင်ခဲ့ပါ
ဖြေလိုက်ရင် ကျွန်မပြည်သူတွေကို ကျွန်မ သူတို့လက်ထဲ ၀ကွက်အပ်လိုက်သလိုဖြစ်သွားမှာပေါ့တဲ့။

မချစ်တတ်ရင်
စစ်ပွဲတစ်ပွဲထက် အသေအပျောက်များသွားမယ်ဆိုတာ သူသိခဲ့မှာပေါ့။

အချစ်ဟာ ချစ်တတ်သူအတွက်
ထောင်အနှစ်၂၀ လည်းဖြစ်သွားနိုင်သလို
တစ်သက်တစ်ကျွန်းနဲ့ကြိုးမိန့်တစ်ခုလည်းဖြစ်သွားနိုင်တာ သူသိခဲ့တာပဲ။

လိမ်တယ်ဆိုတာ အပင်ပန်းဆုံးအလုပ်တစ်ခုပါ
သူပြောခဲ့တာက
လိမ်တာထက်စာရင် မဖြေခဲ့တာက ကျွန်မအတွက်ပိုကောင်ခဲ့ပါမှာပါတဲ့။

ဗုဒ္ဓကပြောခဲ့တာကို သူပြန်ပြောတာက
လိမ်ညာသူတွေ ဒါမှမဟုတ်
မရိုးသားသူတွေမလုပ်ဝံ့တဲ့အကုသိုလ် မရှိဘူးတဲ့။
ပြည်သူတွေကို လိမ်ရဲညာရဲတဲ့ အစိုးရဟာ
ပြည်သူတွေအပေါ်မှာ မလုပ်ရဲတဲ့ အကုသိုလ်ရှိမှာ မဟုတ်ဘူးတဲ့။

သူပြောခဲ့တယ်
အထီးကျန်မှုနဲ့အသည်းကွဲမှုတွေပေါင်းစပ်ထားတဲ့ colour tone တွေနဲ့ ပြောခဲ့တယ်။
ကုပ်ပေါ်မိုးထားတဲ့ ဓါးကို တံပိုးလို ထမ်းထားရင်း သူပြောခဲ့တယ်။

သူပြောခဲ့တယ်
ကျည်ဆံတစ်ထာင့်နဲ့ ၅ စက္ကန့်အလို
မရဏလမ်းမကြီးရဲ့ရင်ဘတ်ကြီးပေါ်မှာတည်တည်ငြိမ်ငြိမ်ရပ်ကာ
တည့်တည့်ကြီးလျှောက်လို့
သူပြောခဲ့တယ် ပြောစရာတွေမကျန်တော့အောင် သူပြောခဲ့တာပေါ့။

သူပြောခဲ့တာတွေ ငါတို့နားလည်ဖို့
နားလှည့်ပြီး ပါးရိုက်တာတွေကို သိရမယ်
အိပ်ရာခင်းအောက်က သျှိုထားတဲ့ သပ်တွေကို သိရမယ်
အပင်းဆို့ထားတဲ့ မ၀ရေစာ တွေကိုသိရမယ်
ဗြောင်လိမ်ဗြောင်စား ထောင်အိမ်ထောင်နားကကောင်တွေကို သိရမယ်။

သရဏဂုံပျက်အောင် ချီခိုင်းထားတဲ့ လက်အုပ်တွေကို
လက်သီးဆုပ်တွေအဖြစ်ပြောင်းရမယ်။
Change တစ်ခုတည်းနဲ့ အိုဘားမား ကမ္ဘာကိုရခဲ့သလို
ကိုယ့်မြန်မာ ကိုယ်ပြန်ရဖို့ ငါတို့ change ရမယ်။

သတိထား ပွဲလန့်တုန်း ဖျာခင်းမလို့ကြံနေတဲ့ ကြပ်ကုန်းကြီးကို။
ဒေးဗစ်ကော့ပါးဖီးလ်ထက်ကျွမ်းပြီး ဒိုင်နမိုထက်စွမ်းတဲ့ အဲ့ဒီငနဲတွေကို

သတိထား အဆိပ်ခတ်ချင်ခတ် မခတ်ရင် ဆေးခတ်ပြီး
၁၆ နှစ်မပြည့်သေးတဲ့
ငါတို့ရဲ့နိုင်ငံရေးမပြည့်ဝမှုတွေကို အပျိုရည်ဖျက်သွားလိမ့်မယ် သတိထား။

ငါတို့ အမှန်တရားဆိုတာ ဘာလဲ သိရမယ်ကျကျနန။

ထမင်းနပ်မှန် စားနေရရုံဟာ အမှန်တရားမဟုတ်ဘူး
ထမင်းလုပ်ထဲ အမှန်တရားယောင်ဆောင်ပြီးပုန်းအောင်းနေတဲ့ အရိုးတစ်ချောင်း
မင်းလည်ချောင်ကိုဆာမူရိုင်းဓါးသမားတစ်ယောက် ဓါးနဲ့ဆွဲချသွားသလိုခွဲချသွားလိမ့်မယ်။
သတိရစေ။

သူပြောတာက ‘‘အမှန်တရားဆိုတာ
ရိုးသားမှုနဲ့စိတ်ကောင်းစေတနာကောင်းရှိမှုထဲကနေ
ဘယ်တော့မှ ခွဲခြမ်းစိတ်ဖြာပစ်ဖို့ မဖြစ်နိုင်ဘူးတဲ့’’
သူကပြောတယ်
‘‘ပရမတ္ထသစ္စာကိုမဆိုက်ရင်တာင်
အမှန်တရားဘက်ကိုရောက်အောင်ကြိုးစားရင်း
အမှန်တရားဘက်မှာရှိရမယ်’’လို့ သူကပြောခဲ့တယ်။

သူဟာ ငါ့အတွက်တော့
ဥာဏ်ပညာအပြင် ချစ်ခြင်းမေတ္တာတရားတို့နဲ့ပါပြီးပြည့်စုံသူ အလင်းခေတ်ရဲ့ဘုရင်မ။
သူ ဘယ်ကလာခဲ့သလဲ

သူ ခင်ဗျားတို့ကျွန်တော်တို့ရဲ့မမြင်လိုက်ရတဲ့လွတ်လပ်ရေးဖခင်
အာရှတိုက်ရဲ့အလင်းလက်ဆုံးကြယ်
ဦးအောင်ဆန်းဆိုတဲ့လူတစ်ယောက်ဆီကလာတယ်။

သူ ယခု အ.ထ.က(၁) ဒဂုန်ဆိုတဲ့
ယခင် အင်္ဂလိပ်မက်သဒစ်ကွန်ဗင့်ကျောင်းက လာခဲ့တယ်။

သူ အိန္ဒိယပြည် နယူးဒေလီက
ရေရှူနှင့်မေရီကွန်ဗင့်ကျောင်းနဲ့ လေဒီရှယ်ရီရမ် ကောလိပ်ကလာခဲ့တယ်။

သူ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ် ဟူးစ်ကောလိပ်ကလာခဲ့တယ်။

သူ အမေရိကန်ပြည်ထောင်စု
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရုံး ဦးသန့်ရှိရာနေရာက လာခဲ့တယ်။

သူနဲ့အတူ ကမ္ဘာ့အဆင့် တိုက်စစ်မှူးများအဖြစ်
ဒဿနဗေဒ နိုင်ငံရေးသိပ္ပံ စီးပွါးရေး နဲ့ ဘဏ္ဍာရေးဆိုင်ရာ ပညာတွေပါလာတယ်။

သူသိပ်ကျက်သရေရှိတာပဲလို့ ခင်ဗျားတို့ကျွန်တော်တို့ ကမ္ဘာလုးံကြီးကပြောကြ
ရှိမှာပေါ့ သူ အိန္ဒိယမှာ အေကီဝိုင်းနားလို့ခ်ါတဲ့
ဂျပန် ပန်းအလှပြင်နည်းကိုသင်ခဲ့တယ်လေ။
သူ နှလုံးသား သိပ်နူးညံ့မှာပေါ့
အဲ့ဒီမှာ သူ အနုပညာ ဘာသာရပ်နဲ့ စန္ဒယားတီးခြင်းအတတ်ကို
သင်ယူခဲ့တယ်လေ။
သူရဲရင့် သတ္တိတွေလည်းရှိခဲ့မှာပေါ့
သူ အဲ့ဒီမှာမြင်းတွေကို အစီးသင်ရင်း ရှေ့ခေတ်တိုက်ပွဲတွေအကြာင်းတွေးမိကာ
မြင်းရဲ့လည်ဆံမွှေးတွေ လေထဲလွင့်နေသလို သူဆံပင် သူ့အတွေးတွေလည်းလေထဲလွင့်ခဲ့ကြမှာပေါ့။

သူအဲ့ဒီလိုလာခဲ့တယ်

ခင်ဗျား ဘယ်က လာခဲ့သလဲ
စကော့တလန် ကျောက်သားတွေရဲ့ရင်ကြားကစိမ့်ထွက်လာတဲ့သွေးနဲ့လုပ်ထားတဲ့
စကာ့ဝီစကီ လေး တစိမ့်စိမ့်မျိုကာ
နာဂစ်မုန်တိုင်းကြီးတိုက်လို့ တိုင်တန်းနစ်သင်္ဘောကြီးတအိအိမြူပ်ဆင်းသွားတာကို
တမြေ့မြေ့အရသာခံနေခဲ့တဲ့ ခင်ဗျားတို့
ဘယ်က လာခဲ့ကြသလဲ။

စဉ်းစား ရန်သူရောမိတ်ဆွေပါစဉ်းစား
ဗိုလ်ချုပ်အောင်ဆန်းကို ရဟန်းသံဃာတွေကပြောသလို
‘‘ဘုရားပွင့်ခဲ့လို့သာပေါ့ မဟုတ်ရင် အောင်ဆန်းကို ငါတို့ကဘုရားလို့ထင်မှာ’’
အဲ့ဒီလို Bertil Lintner ဆိုတဲ့ ပုဂ္ဂိုလ်ကလည်း ဒီလိုပြောခဲ့
Deification Of Aung San Suu Kyi တဲ့
ကဲစဉ်းစား ခင်ဗျားတို့စဉ်းစား နားလိုက်ကြ ။ ။

ခရမ်းပြာထက်လူ

( ၂ ၀ ၁ ၃ )