Sunday, March 22, 2015

လက်ဘက်ရည် နှင့် ရင်သား ကင်ဆာ

လက်ဘက်ရည် နှင့် ရင်သား ကင်ဆာ

မနက် မိုးလင်း လို့ အိပ်ရာထ၊ ရေအေးအေး ဖန်ခွက် နဲ့ သုံးခွက် တိတိ သောက်၊ မျက်နှာ သစ်ပြီး တာနဲ့ ကျနော် မဖြစ်မနေ ပြင်ဆင် ရတာ ကတော့ ကျနော် စားဖို့ မနက်စာ။ လက်ဘက်ရည် တစ် ခွက် နဲ့ ပေါင်မုန့် မီးကင် မာဂျရင်း သုပ် နှစ်ချပ်။ အဲဒါ ကျနော့် အတွက် ပုံမှန် ယူကေ မနက် စာ ပေါ့ ။ မြန်မာပြည် မှာ နေတုန်း ကတော့ အိမ် နဲ့ ခပ်လှမ်းလှမ်း မှာ ရှိတဲ့ လက်ဘက်ရည်ဆိုင် သွားပြီး ပဲ ပလာတာ တစ်ပွဲ၊ တရံတစ်ခါ တော့ အီကြာကွေး တစ်ချောင်း၊ တစ်ခါတလေ တော့ ပဲနံပြား တစ်ပွဲ မှာ ပြီးတာနဲ့ ကျနော် သောက်နေကျ ကျဆိမ့် တစ်ခွက် မှာ လိုက်တယ်။ များသော အားဖြင့် လက် ဘက်ရည် ဆိုင် တွေက အရင်စား ရမည့် မုန့်ကို နောက်မှ လာပို့ပြီး နောက်မှ သောက်ရမည့် လက် ဘက်ရည် ကို ကျတော့ အရင် လာပို့လေ့ ရှိတယ်။

အဲဒါနဲ့ပဲ စားပွဲပေါ် အရင် ရောက်လာတဲ့ လက်ဘက်ရည် ခွက် ကို ငုတ်တုတ် ထိုင်ကြည့် နေရ တယ် ။ သောက်လို့ မဖြစ် သေးဘူး။ မုန့်မှ မစား ရသေး ပဲကိုး။ အဲဒါ ကျနော် မြန်မာပြည် မှာ နေတုန်းက မ နက်တိုင်း ကြုံရတဲ့ အဖြစ်ပေါ့။ ဒါကြောင့် တစ်ခါတလေ တော့ လုပ်ရသေး တယ်။ ရောက်တာနဲ့ စား မည့် မုန့် ကို အရင်မှာ လိုက် တယ်။ အဲလို လုပ်ပြန်တော့ စားပွဲထိုး ကောင်လေး တွေ က အကို ဘာသောက် မလဲ ဆိုတဲ့ စကား အခါ တစ်ရာ လောက် လာမေး တယ်။ စားပြီး မှပဲ မှာမယ် ကွာ လို့ပြော လိုက်ရင် သိပ် မကြိုက် ချင်ဘူး။ တကယ်ပဲ စားပြီးမှ မှာပြန် တော့ အဲဒီ စားပွဲထိုး ကောင်ေ လးတွေ က စိတ်ကောက်လို့ လား မသိပါဘူး။ မသိယောင် ဆောင် နေကြ ပြန်ရော့ ဗျို့။

အဲဒါ ကျနော် မကြာမကြာ ကြုံရတာ လေး ပြောပြတာပါ။ တစ်ခါ တစ်လေ စိတ်တောင် ဆိုးမိတယ်။ ဒါပေမဲ့ ကျနော် က လက်ဘက်ရည် သိပ်ကြိုက်တယ် ဆိုတော့ ချိုချို သာသာ နဲ့ပဲ မှာလိုက် ရတယ်။ လက်ဘက်ရည် ဆိုတဲ့ အရာ ကလဲ ခက်သား။ ကိုယ်သောက် နေကျ ဆိုင်က ဖျော်နေကျ လူရဲ့ လက် ရာပဲ သောက်လို့ အဆင် ပြေတာ။ ဆိုင်ပြောင်း သောက်ရင် နောက်ထပ် အရသာ တစ်မျိုး ဖြ စ် သွား ပြန်ရော။ ဒါကြောင့် စိတ်ဆိုးပြီး ထ သွား တာမျိုး လဲ မလုပ်ချင် ဘူးလေ။ အဲဒါ လက်ဘက် ရည် စွဲ တယ် လို့ခေါ်ရမှာ ပေါ့ဗျာ။ ကျနော် ကတော့ တကယ် စွဲ တာ။ မသောက် ရရင် နေကို မနေနိုင် ဘူး။ တစ်နေ့ တစ်ခွက်တော့ အနည်းဆုံး သောက် ကို သောက် ရမှ နေသာ ထိုင်သာ ရှိတာ ကလား။

ဆေးဘက် ဆိုင်ရာ သုတေသန ပညာရှင်တွေ ကတော့ တစ်နေ့ကို လက်ဘက်ရည် သုံးခွက် တိ တိ သောက် သင့်တယ် ဆိုပဲဗျာ့။ အထူး သဖြင့် အမျိုးသမီး တွေ ဟာ တစ်နေ့ ကို လက်ဘက် ရည် သုံးခွက် တိတိ ပုံမှန် သောက်သင့်သ တဲ့။ အမျိုးသမီး တွေ ထဲမှာလဲ အသက် ( ၅၀ ) အောက် အ မျိုး သမီး တွေ ကိုပဲ ဆိုလိုတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလို တစ်နေ့ သုံးခွက် လောက် ပုံမှန် လက် ဘက်ရည် သောက်တဲ့ အကျင့် ရှိရင် အမျိုး သမီး တွေ မှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ရင်သား ကင် ဆာ ရောဂါ ကို ( ၃၇ ) ရာခိုင်နှုံး အထိ တောင် ကာကွယ် ပေးနိုင် သတဲ့ဗျို့။ နည်းနည်း နောနော အ ကျိုး ကျေးဇူး မဟုတ်ဘူး နော်။ သောက်သင့် တယ်။

ကျနော်တို့  မြန်မာ ပြည်မှာ အမျိုးသမီး တွေ အတော် များများမှာ ဒီရောဂါ ဖြစ်လေ့ ဖြစ်ထ ရှိတာ ကျနော် မျက်မြင် ပဲ။ ကျနော့် သူငယ်ချင်း တစ်ယောက် ရဲ့ အဒေါ်ဆို အဲဒီ ကင်ဆာဖြစ်နေလို့ တစ်နေ့ တစ်နေ့ ငိုငို ရည် ရည် နဲ့ပဲ အချိန်ကုန် ခဲ့ရတယ်။ ငါတော့ သေမှာပဲ ဆိုပြီး စိတ်ဓာတ် ကလဲ ကျလို့။ သေတာ ကတော့ လူတိုင်း သေမှာ ချည်း ပါပဲဗျာ။ ဘာရောဂါ မှ မရှိတဲ့ လူလဲ ဗျုန်းကနဲ သေ ချင် သေနေတာ။ သေတာ က တော့ မဆန်းပါ ဘူး။ ဒါပေမဲ့ ဒီလို ရောဂါမျိုး ရှိလာရင် တော့ အမျိုး သ မီး တွေ အတွက် အတော်လေး ကို ကသိက အောက် နိုင်မယ် လို့ ခံစား မိတယ်။

တကယ်တော့ ရင်သား ကင်ဆာ ရောဂါဟာ ဖြစ်စ မှာ ကုရင် ပျောက်ကင်း နိုင်တဲ့ ရောဂါမျိုး ပါ။ လွန်သွားရင် သာ ကုဖို့ ခက်သွား တတ်တာမျိုး ကိုး။ ကျနော့် သူငယ်ချင်း ရဲ့အဒေါ် ဆို ဆေးရုံ ပြရင် အခွဲခံ ရမှာစိုး လို့ ဆိုပြီး ဘယ် ဆရာဝန် ဆီမှလဲ မသွား ရဲဘူး။ ကျနော် ဒီမလာခင် လေး မှာပဲ အတင်း တိုက်တွန်းပြီး ဆရာဝန် နဲ့ ပြခိုင်း ရ တယ်။ ဘယ်ရ မလဲ။ ဆရာဝန် က ခွဲရမယ် ပြောလိုက် တာ။ သူ့ခမျာ ထမင်းတောင် မစားနိုင် တော့ဘူး။ အတော်လေး ကို ချော့ချော့ မော့မော့ ပြောပြီး ခွဲဖို့ တိုက်တွန်း ရတယ်။ ခွဲပြီး နောက် ဓာတ်တွေ ဘာတွေ လဲကင် ရသေး တာကိုး ဗျာ့။ ကင်ဆာ အမြစ် သေအောင် ဆိုပဲ။

အဲဒီ ဘွားတော်လဲ ခွဲပြီး စိပ်ပြီး တော့မှ အမယ် -- ကျနော့်ကို ကျေးဇူးတင် ကြောင်း တဖွဖွ ပြောရှာ တယ်။ “မင်း အဆွယ် ကောင်း လို့သာ ငါ့တူရေ့၊ အဒေါ့် ဖာသာ ဆို ကြောက်တာ နဲ့ ခွဲဖြစ် တော့မှာ မဟုတ်ဘူး။ အခုတော့ စိတ်အေး သွားရပြီ” တဲ့။ နောက်ပြီး တော့ သူ့တူမ ကိုလဲ ပြောလိုက် သေး တယ်။ “ညီး တို့လဲ ဒီလိုဟာ မျိုး ဖြစ်လာရင် ခွဲရမှာ မကြောက်နဲ့ သိလား” တဲ့။ အဲဒီတော့ ဖြစ်လာရင် အဲဒီလို ခွဲရ စိပ်ရမှ ပျောက်ကင်း သက်သာ နိုင်တဲ့ ရောဂါမျိုး ကိုယ့်ဆီ ဖြစ်မလာ အောင် ကြိုတင် ကာကွယ် ထားဖို့တော့ အရေးကြီး သဗျို့။ အလွယ်ဆုံး ကာကွယ်နည်း ကတော့ ကျနော် ပြောခဲ့တဲ့ နည်းပဲ။ တစ်နေ့ လက်ဘက်ရည် သုံးခွက်သောက်။ လက်ဘက် ခြောက်ခတ် ထားတဲ့ ရေးနွေးကြမ်း ကို ပုံမှန် သောက်ရင် ပိုတောင် ကောင်းသေး ဆိုပဲ။ အဲဒီတော့ လက်ဘက်ရည် မသောက်ချင် ရင် ရေနွေးကြမ်း လေးတော့ သောက်ဖြစ် အောင် သောက်လိုက်။

လက်ဘက် ရည်မှာ အဲဒီလို အာနိသင် မျိုး ရှိတယ် ဆိုတာကို ရှာဖွေတွေ့ ရှိသူတွေ ကတော့ အမေ ရိကန် နိုင်ငံ၊ ဖလော်ရီဒါ ပြည်နယ်မှာ ရှိတဲ့ Moffitt Cancer Centre ဆိုတဲ့ ကင်ဆာ လေ့လာရေး ဌာနက ဆေး သုတေသီ တွေပါပဲ။ လက်ဘက်ရည် သို့မဟုတ် ရေနွေးကြမ်း ကို ပုံမှန် သောက်တဲ့ အတွက် ရင်သား ထဲမှာ ဖြစ်ပေါ် လာမည့် အကျိတ်အခဲ တွေ ကို ကျေစေ တယ်လို့ ဆိုပါတယ်။ ဒါ တင် မက သေးဘူးတဲ့။ လက်ဘက်ရည် ပုံမှန် သောက်တဲ့ အတွက် --

(၁) နှလုံးရောဂါ
(၂) လေဖြတ်တဲ့ရောဂါ
(၃) ကိုလက်စထရောလ်များပြာမှု
(၄) သွေးတိုးနှုံးတွေနဲ့
(၅) ခန္ဓာကိုယ်မှာ ယေဘုယျဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာ တွေ ကိုပါ လျော့ပါး အားနည်း သွားစေ တယ် လို့ ဆိုပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ လက်ဘက်ရည် သို့မဟုတ် လက်ဘက် မှာ ရောဂါ လက္ခဏာ ကို ခြေဖျက် ပေးတဲ့ Polyphenol ( ပိုလီဖီးနိုလ် ) လို့ခေါ်တဲ့ အယ်ကိုဟော ဓာတ်တွေ ပါဝင် နေလို့ပါ တဲ့။ ဆေးသု တေသီ တွေ ဟာ ရင်သား ကင်ဆာ ရောဂါသည် အမျိုးသမီး ငါးထောင် နဲ့ ရောဂါ မရှိတဲ့ အမျိုးသမီး ငါးထောင် ကို ယှဉ်ပြီး လေ့လာ ခဲ့ကြ တယ် လို့ သိရပါတယ်။ အဲဒီတော့ ကြိုက်ကြိုက် / မကြိုက် ကြိုက် အနည်း ဆုံး တစ်နေ့ တစ်ခွက် လောက်တော့ သော က် ဖြစ်ေ အာင် သောက် ကြပေတော့ ကလေးမ တို့ရေ့။ မဟုတ်ရင် ---- ။

အင်္ဂလိပ်စာ အတိုအထွာ

(1) hold/keep sb/sth at bay (idm) = မဖြစ်အောင်ကာကွယ်ပေးသည်
eg: Three cups of tea a day could help keep breast cancer at bay among younger women.
တစ်နေ့ လက်ဘက်ရည် သုံးခွက် သောက်ခြင်း ဖြင့် အမျိုးသမီးငယ် များ မှာ ဖြစ်တတ်တဲ့ ရင်သား ကင်ဆာ ရော ဂါ ကို ကာကွယ် တားဆီး နိုင် သည်။

http://uk.news.yahoo.com/5/20090122/twl-cups-of-tea-could-cut-cancer-risk-3fd0ae9.html ကို ကိုးကား ရေးသား ပါသည်။

အလင်းတန်း

No comments:

Post a Comment