Sunday, May 24, 2015

တောက်လောင်နေတဲ့မိုး

တောက်လောင်နေသော မိုး

မုသားတွေကို မခါထုတ် ချလိုက်ပါနဲ့ ကမ္ဘာကြီးရယ်
ကျမလမ်းဘေးဆိုင်ခုံမှာ ထမင်းစားနေတုံး ခွေးတစ်
ကောင် တဖြန်းဖြန်း ခါထုတ်ခဲ့။
ဒါဏ်ရာတွေပေါ်ကို အညှိုးတွေ ထပ်ဆင့်မတင်ပါနဲ့ တော့
မနိုင်ဝန်ဆိုတာ လေးပင်လွန်းရင်လလွှတ်ချပစ်လိုက်ဖို့
သဘာဝတရားကဖန်တီးပြီးသားပါ။

မိုးရေထဲမှာ ခိုက်ခိုက်တုန်ရီအေးစက်နေတဲ့ကလေး
ရယ်
အချုပ်ကားပေါ်ကလူငယ်ရယ်
ပလပ်စတစ်ဆောင်းပြီး ခိုစာရောင်းနေတဲ့ စိုစိုရွဲ ကြွက်
စုတ်တစ်ကောင်လို အဖွားအိုရယ်
သူတို့ ကြားထဲမှာ ကျမဟာမှေးမှိန်သွားတယ်
မိုးကတော့ စိမ်ပြေနပြေကို တစ်မြို့လုံးသိမ်းပိုက်ထားခဲ့
ပေါ့
မိုးနဲ့ လေကိုရောထားတဲ့ အတိုးစာရင်းတွေကများ
လိုက်တာ
လေရဲ့မှုတ်ထုတ်အားနဲ့ မိုးရဲ့ရိုက်ချက်တွေက
သစ်ရွက်စိမ်းတွေ..သစ်ကိုင်းတွေပါဖြတ်ချပစ်နေတာ
ဒီအတိုင်းကြည့်နေခဲ့ရ။
( ရင်နာနာနဲ့ ပေါ့ )
ရှင်ရဲ့တစ်ရာသီစာလုံးမြုံ့လာတဲ့ အမုန်းနဲ့ အညှိုးတွေ
က အိမ်ကြမှ မုန်တိုင်းဆင် ဖေါက်ခွဲပြစ်လိုက်ကြတာ
ကျမရဲ့ အမျိုးတွေလေ ကမ္ဘာမြေကဆင်းသွားခဲ့ရတာ
မနဲခဲ့ပါဘူး
ဒီရာသီပေါ့..အခုထိ အမိုးအကာမဲ့နေတဲ့ လူတွေ..အိမ်
တွေ...ကျောင်းတွေ..ကလေးတွေ..များပြားနေတုန်းပါပဲ
အဆုံးမသတ်နိုင်တဲ့ ဒုက္ခ..သူတို့ ရင်ထဲမှာအပြည့်ပေါ့
တစ်ရာသီစာက..ဘယ်နှစ်ရာသီမှပြန်ထနိုင်ကြမှာလဲ
ရှင်ပဲအပြုံးမပျက်တဲ့ မျက်နှာနဲ့ ကြည့်နေရက်တာ
ကျမလေ ရှင့်ရဲ့အပြုံးကို..အမုန်းဆုံးပါပဲ။

မိုးရက်အပြုံအခဲကြားထဲက...ပလပ်စတစ်အမိုးပေါ်မိုးရေထုကြီးပိကျ..လေသယ်ဆောင်ရာ..အမှိုက်သရိုက်
သစ်ရွက်အတိုအစ..ယင်ကောင်အအုံအခဲကြားက
ထမင်းသားပြီးလို့ ..တစ်နေကုန်ဒုက္ခတွေကိုခါထုတ်
နေအုံးမဲ့ မိုးရေထဲ......။

ဝါကျဖြူ
24,05,2015

No comments:

Post a Comment