Monday, January 5, 2015

ခေတ်ပေါ်အင်တာနက်သုံး ဝေါဟာရများ

ခေတ်ပေါ်အင်တာနက်သုံး ဝေါဟာရများ

ရှေးယခင်က အင်တာနက်အသုံးပြုရာတွင် အင်္ဂလိပ်ဘာသာစကားကိုသာ အသုံးပြုခဲ့သည်မှာ တစ်ကမ္ဘာလုံး အသိပင်ဖြစ်သည်။ သို့သော် ၁၉၉ဝပြည့်နှစ် နောက်ပိုင်းခန့်တွင် မြန်မာနိုင်ငံသို့ အင်တာနက်ဆိုသည့် အရာကြီး စတင်ရောက်ရှိချိန်မှ စ၍ အင်တာနက်တွင် မြန်ဘာဘာသာဖြင့် အသုံးပြုရန် ဆယ်စုနှစ်ခန့် ကြိုးစားခဲ့ ကြရပြန်ပေသည်။ ထိုကြိုးစားမှု၏ အသီးအပွင့်အဖြစ် ဇော်ဂျီယူနီကုတ်ကို တီထွင်နိုင်ခဲ့ကြသည်မှာလည်း အားလုံးအသိပင် ဖြစ်ပါသည်။

ထိုဇော်ဂျီကုတ်ကိုပင် အသုံးပြုကာ ပြည်သူအများ အင်တာနက် သုံးခြင်း၊ မေးလ်ပို့ခြင်း များကို လှိုင်လှိုင်ကြီး လုပ်လာကြလေသည်။ သို့သော် အင်တာနက်ကို ရဟန်းရှင်လူမြန်မာပြည်သူအများ အသုံးပြုသည့်အတွက် အွန်လိုင်းပေါ်မှ ဝေါဟာရများကိုလဲ မြန်မာမှုပြုကြရန် လိုအပ်လာပေသည်။ ဘုန်းတော်ကြီးများ၊ သာမဏေများ အနေဖြင့်မူ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်းကို အခက်အခဲ ကြုံသောကြောင့် ပါဠိအင်္ဂလိပ်စာကို အသုံးပြုကြရမည် ဖြစ်သည်။

သံဃာတော်များ အနေဖြင့်မူ ပြန်ဆိုရာ၌ အားသန်ရာ ပါဠိသက်ဝေါဟာရများကို ပြန်ဆိုအသုံးပြုသကဲ့သို့ အရပ်သူ အရပ်သားများ အနေဖြင့်မူ မြန်မာစာ စကားလုံးများကို တွင်ကျယ်စွာ အသုံးပြုကြလေတော့သည်။ မြန်မာနိုင်ငံတွင် မွေးစားစကားများ အလွန်များပြားသည့်အတွက် ယခုအွန်လိုင်းတွင်လဲ အဆင်ပြေသလို နားလည်စွာအသုံးပြုလေရာ- အောက်ပါစကားလုံးများ အသစ်အသစ်သော အဓိပ္ပါယ်တို့နှင့် ခမ်းနားစွာပေါ်ထွက်လာရကြောင်း မြန်မာစာကို လေးစားသော သုတေသီ တစ်ဦးအနေဖြင့် လေ့လာစုဆောင်းရပေသည်။ အရင့်အရင်က ဗားဂလိရှ် ဟု ခေါ်သော စာပေတစ်မျိုး အွန်လိုင်းတွင် ပေါ်ပေါက်ခဲ့ဖူးသည်ကို အမှတ်ရကြပေမည်။ ဗားကရာကျောင်းတိုက်၊ ဗားမဲ့ဆရာတော်တို့ကို သိရှိသော်လည်း ဗားဂလိရှ် ကို မသိသော သူတော်စင်တို့သည် ယခုအခါဝယ်  အင်္ဂလိပ်-ပါဠိ စာပေများကို အားထားခဲ့ကြရသည်။ ထို့ကြောင့်ပင်လျှင် ယခုဘာသာစကား အသုံးအနှုန်းမျိုး ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ကျွန်တော်မျိုးယူဆပါသည်။

continue   - ကိုတင်ညွန့် (ကိုသန်းညွန့်၏ ညီ၊ အရီးညွန့်၏ သား)
vocabulary - ဘောဂဗလကြီး
8p          - အိပ်ပြီ (မနှောက်ယှက်ပါနဲ့)
registry    - ရေစစ္စလီ
full the back - ဖုတ်သဘက်
Asia         - အာစရိယ
to take care- သူသိပ်ကဲတာပဲ
၈the4       - ချစ်သဲလေး
cancel      - ကျောက်ဆည်
proxy       - ပရုတ်ဆီ
download   - ဒိုးလုံး(အဆိုတော်လေ နံပြားကြိုက်တဲ့အဆိုတော်)
connect    - ကော်နီ(ကော်လံပေါ်ကနှုတ်ခမ်းနီသီချင်းတော့သူဆိုတာ ဟုတ်ဘူးနော်)
log in       - လုံးခင်(မလုံတင်ညီမထွေး ဘိုးလုံးသမီး)
blog         - ဘိုးလုံး(ဘိုးတော်တော့မဟုတ်ဘူး လုံးခင်အဖေ)
home page - ဟိုပင်(ရှမ်းပြည်နယ်မှစော်ဘွားကြီးတွေရှိတဲ့နေရာ)
memory    - မိုးမိုးရီ . . .  စသော အသုံးအနှုန်းမျိုးဖြစ်ပါသည်။ ထိုသို့သော စကားလုံးမျိုးကို အွန်လိုင်းလမ်းကြားမှာ အသုံးများလာ၍ မကျေနပ်သူတို့က ဝေဖန် ပြောဆိုကြသောအခါမှ လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့ရခြင်း ဖြစ်ပေသည်။
next      - နိစ္စ
upload   - အပ္ပလုဒ္ဒ
download          - ဒေါင်းနလုဒ္ဒ
update  - အပ္ပဒိတ္တ
third      - သဒ္ဒ
any       - အန္နယ
police    - ပုလိစ္စ . . . အစရှိသဖြင့် အဆင့်မြင့်မြင့် သုံးစွဲထားသည်ကို တွေ့ရပေသည်။ မည်သို့ပင် ဆိုစေကာမူ ဤကဲ့သို့ ဘာသာရပ်တစ်မျိုး ပေါ်ထွက်လာခြင်းသည် အရှေ့တိုင်းစာပေအတွက် အားတက်စရာ လေ့လာမှုတစ်ရပ်ဖြစ်ပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည်။

ခရက်ဒစ် to                    L. ရှောင်ပိန်နှင့် မောင်လူပျင်း
                                     အရှေ့တိုင်းဘာသာစကားလေ့လာသူများအဖွဲ့ 
                                     ခေတ္တ - အင်္ဂပူ (အင်္ဂလန်နှင့် စင်္ကာပူကြားရှိမြို့)

Forward mail မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment