Friday, February 27, 2015

Rootဆိုတာဘာလဲ


Rootဆိုတာဘာလဲ

Rootဆိုတာမြန်မာလိုအမြစ်တူးခြင်းလို့
အဓိပ္ပါယ်ရပါတယ်။ဥပမာပြောရရင်ကျားကိုအတောင်ပန်တပ်ပေးတာပါ။
Androidဖုန်းတစ်လုံးမှာrootမရှိရင်
ထောဂ်ကျနေတဲ့လူသားတစ်ယောက်လိုပါပဲ။ဘာလုပ်လုပ်စည်းနဲ့၊ကမ်းနဲ့၊သူတို့ခိုင်းတာပဲလုပ်၊သူတို့ကျွေးတာပဲစားနေရတဲ့ဘ၀။
Rootဖောက်လိုက်တာဟာထောင်ဖောက်သလိုမျိုးပါ။စည်းကမ်းမဲ့သွားမယ်။မိမိစိတ်တိုင်းကျမိမိဘ၀ကိုချယ်လှယ်နိုင်မယ်။အနာဂါတ်အိမ်မက်လှလှလေးတွေမက်နိုင်မှာပါ။ဒါကလည်းမိမိနဲ့လည်းဆိုင်ပါတယ်။ထောင်ဖောက်ထွက်လာပြီးပျက်စီးချင်ရာပျက်စီး၊မိမိစိတ်အလိုကိုမကောင်းတဲ့နေရာ၊မဟုတ်တဲ့နေရာမှာသွားဦးစားပေးမိရင်တော့မိမိဘ၀(မိမိဖုန်းဘ၀)ဟာ
ပျက်စီးတော့မှာပေါ့။
ထို့ကြောင်Rootဖောက်ပြီးလျှင်ကောင်း
မွန်စွာအသုံးချပါ။မသိလျှင်ရမ်းမလုပ်ပါနဲ့။
အစားမတော်တစ်လုပ်၊အသွားမတော်တစ်လှမ်းပါပဲ။တစ်ကွက်မှားတာနဲ့ဖန်လုံး
(Firmware)ကျသွားမှာပါ။

ဖန်လုံး(Firmware)ကဘာတုန်း

ဖန်လုံးဆိုတာဘာလဲဆိုတော့ကျွန်တော်လည်းမပြောတတ်ဘူးဗျ။ဥပမာပြောပြရင်
ဖန်လုံးကို အူကလီစာ၊အသည်းနှလုံးလို့ပဲ
မှတ်ယူကြရအောင်ဗျာ။
ဖန်တစ်လုံးကိုမိမိကကလိလို့တစ်ကွက်မှားသွားလို့အူမကြီးတစ်ချောင်းကိုသွားထိမိရင်အဲ့ဒီ့ဖုန်းကဆန့်ငင်ဆန့်ငင်နဲ့ဖုန်းပြန်မပွင့်လာတော့ပါဘူး။
ဒီလိုအချိန်မျိုးမှာဆိုကျွန်တော်တို့ကအူကလီစာအတွဲလိုက်လဲပေးရပါတော့မယ်။မလဲပေးရင်အသက်မရှင်တော့ဘူးလေ။ဒါကြောင့်အူကလီစာကိုအသစ်ပြန်လဲပေးရတာပေါ့
တစ်ချို့ကျတော့လည်းအူကလီစာကိုအ
သစ်လဲတဲ့အနေနဲ့နေရင်းထိုင်ရင်းသွင်းနေကြတာရှိပါတယ်။Rootဖောက်တယ်ဆိုတော့အဲ့ဒီ့အူကလီစာကိုပါကလိခွင့်
ရသွားပါတယ်။ကလိတတ်ရင်တော့အဲ့ဒီ့အသည်းနေရာမှာရိုးရိုးအသည်းထည့်မလား၊ရှယ်အသည်းထည့်မလား
ဒါမှမဟုတ်အူကလီစာကိုရွှေချမလားပေါ့။
မကလိတတ်ရင်တော့အပေါ်မှာပြောသ
လိုအူပြတ်ပြီးသေတတ်ပါတယ်။

ဖန်လုံးကိုဘယ်မှာရနိုင်မလဲ

ဖန်လုံးဘက်မှာဆိုရင်Samsungကရှာရ
လွယ်ကူပါတယ်။SamMobileဆိုတာအူ
ကလီစာတွေရောင်းတဲ့ကုန်တိုက်ကြီးတစ်
တိုက်ပေါ့။SamMobileဆိုင်မှာမွှေနှောက်
ပြီးရှာနိုင်ပါတယ်။ဒါမှမဟုတ်googleဆို
တဲ့လမ်းဘေးဆိုင်မှာကိုယ့်ဖုန်းရဲ့နာမည်
ဥပမာ Stanley Cnရဲ့အူကလီစာအတွဲ
ဝယ်မယ်လို့သာရေးထည့်လိုက်ပါ အစု
လိုက်အပြုံလိုက်မှိုလိုပေါက်အောင်ထွက်လာမှာပါ။ဒါကိုကSamsungဖုန်းရဲ့အားသာချက်ပေါ့ဗျာ။တရုတ်android
ဖုန်းတွေအတွက်ကလီစာအတွဲရှာမယ်
ဆိုရင်အဲ့ဈေးတန်းမှာပျောက်သွားတဲ့ပိုက်ဆံလိုပါပဲ။ပြန်တွေ့ချင်ပြန်တွေ့မယ်။မတွေ့
ချင်မတွေ့ဘူးပေါ့ဗျာ။တွေ့သွားတဲ့လူက
လည်းမသိမသာသိမ်းထားတာမျိုးရှိတာ
ပေါ့။

ဖန်လုံးကနိုင်ငံအမျိုးမျိုးရှိလား

သိပ်ရှိတာပေါ့ဗျာ။ထိုင်းကလီစာအတွဲက
မြန်မာတွေနဲ့အသင့်တော်ဆုံးပဲဗျ။သူက
Version အမြင့်ဖုန်းတွေဆိုမြန်မာဘာသာ
တောင်ပါလိုက်သေးတယ်။ထိုင်းကလီစာ
ယူမလား၊ဗီယက်နမ်ကလီစာယူမလား၊
အိန္ဒယကလီစာယူမလား၊ဂျာမဏီကလီ
စာယူမလားအမျိုးမျိုးရှိပါတယ်။

ခုဏပြောတဲ့Versionကဘာလဲ

ဪversionဆိုတာမြန်မာလိုအဆင့်လို့
ပဲမှတ်ယူထားဗျာ။ဥပမာ သူကြီးပြီးတော့
သူကြီးသားပေါ့။သူကြီးသားပြီးတော့သူ့
တပည့်လူမိုက်တွေပေါ။
အဆင့်အတန်းပေါ့ဗျာ။ဟော့ Android
မှာဆိုversion2.3.6ယူမလား4.1.2ယူ
မလား4.2.2ယူမလား4.3,4.4.2,4.4.4
ယူမလားအဆင့်အတန်းများစွာခွဲခြား
ထားပါတယ်။အရင်ကဆို4.4.4က
သမ္မတပေ့ဗျာ။အခု5.0ထွက်လာတော့
5.0ကသမ္မတဖြစ်သွားပါတယ်။Version
4.4.2အတွက်ဆိုROMတွေတောင်ထွက်ရှိနေပါပြီ။ကိုယ့်ဖုန်းကိုနဂိုဝယ်လာတဲ့ပုံတုံးကြီးနဲ့မကြည့်ချင်တော့ဘူးဆိုအခြားနာမည်ကြီးတဲ့ဖုန်းS5
တို့Note3တို့အဲ့ဖုန်းတွေရဲ့ROMလေးတွေတင်ပြီးကိုယ့်ဖုန်းလည်းလန်းနိုင်ပါပြ။ီ
ဒါတောင်Samsungမှရတာနော်။
Rootအကြောင်းသိလောက်ရောပေါ့။

Androidဖုန်းတစ်လုံးကိုင်ဆောင်ထားတဲ့သူဟာrootဖောက်ထားမှသာစိတ်ကြိုက်လုပ်ဆောင်နိုင်ပြီးစပယ်ရှယ်အကောင်းဆုံးsoftwareတွေအသုံးပြုနိုင်မှာဖြစ်ပါတယ်။တစ်ချို့ကrootဖောက်တာကိုမြန်မာစာထည့်ဖို့တစ်ခုထဲအတွက်ပဲသိထားကြတယ်။ဖုန်းတစ်လုံးကိုကိုယ်ဝယ်ထားပေမယ့်rootမဖောက်ကသေးရင်အဲ့ဖုန်းကိုကိုယ်အပြည့်အ၀မပိုင်ဆိုင်သေးပါဘူး။rootဖောက်ပြီးမှသာစိတ်ကြိုက်systemအတွင်းပိုင်းထိဝင်ကလိ၊၀င်ပြီးပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။Rootဖောက်လိုက်ရင်ကိုယ့်ဖုန်းကိုလုပ်တတ်လျှင်လုပ်တတ်သလောက်ပြင်ဆင်ခွင့်ရမှာဖြစ်ပါတယ်။Rootောဖက်ပြီးမြန်မာဖောင့်သွင်တယ်ဆိုတာကလည်း
System fount floderထဲကိ
ဇော်ဂျီဖောင့်သွင်းတာပေါ့ဗျာ။အဲ့Systemထဲဝင်ဖို့ကrootဖောက်ထားမှဖြစ်မှာမို့ပါ။Rootဖောက်ထားလို့ရမယ့်အကျိုးကျေးဇူးတွေကတော့တစ်ပုံကြီးပါ။ဆိုးကျိုးကတော့ဝယ်လာတုန်းကရခဲ့တဲ့အာမခံချက်လေးပျက်သွားမှာပါ။တော်ရုံFacebookသုံး၊ဗွီဒီယိုကြည့်ရုံလေးဆိုရင်တော့rootဖောက်စရာမလိုပါဘူး။
Setting/Display/font styleမှာသွား
ချိန်းပေးရုံပါပဲ။ဒါတောင်Browser,google,You tube,Myanmar apkတွေမှာမြန်မာလိုမြင်ရမှာမဟုတ်ပါဘူး။
Rootဖောက်ပြီးမြန်မာစာရရှိလာခြင်းဟာrootဖောက်လို့ရရှိလာမယ့်အကျိုးကျေးဇူးရဲ၁ရာခိုင်နှုန်းသာရှိပါတယ်။ကုန်ကုန်ပြောရရင်rootဖောက်စေချင်တယ်။Androidစက်ရုပ်ဖုန်းrootမရှိတာဟာဆားမပါတဲ့ဟင်းချိုတစ်ခွက်ကိုသူများရှေ့မှာအိုက်တင်ခံပြီးထိုင်သောက်ပြနေရသလိုပါပဲ။Rootမရှိတဲ့ဖုန်းဟာလေဖြတ်နေတဲ့သူတစ်ယောက်လို၊အင်တာနက်မရှိတဲ့ကွန်ပျူတာတစ်လုံးလိုပါပဲ။
ဒီမှာတစ်ခုပြောချင်တာကတစ်ချို့ကrootဖောက်လိုက်ရင်ဆိုးကျိုးတွေအများကြီးရှိလာနိုက်တယ်လို့ထင်နေကြတယ်။Rootဖောက်လို့ဆိုးကျိုးမရှိပါဘူး။Rootမမှန်ရင်သာဆိုးကျိုးရှိနိုင်တာပါ။Rootဖောက်လို့ဆိုးကျိုးရှိမယ်ဆိုrootဆိုတဲ့ဝေါဟာရပေါ်လာမှာမဟုတ်ပါဘူး။တစ်ချို့ကrootဖောက်ချင်ရင်Promyanmar rootတို့
V rootတို့Baidu rootအစရှိတဲ့တရုတ်rootဖောက်တဲ့softwareတွေကိုအသုံးပြုပြီးဖောက်ကြပါတယ်။
ပြသနာကတော့ဒီမှာပါပဲ။တရုတ်softwareတွေနဲ့အလွယ်လိုက်ပြီးrootဖောက်ခြင်းဟာရေရှည်မှာဆိုးက်ျိုးများပါတယ်။ဘတ္ထရီပိုပူလာမယ်၊အကုန်မြန်လာမယ်၊ဖုန်းလေးလာမယ်၊ထစ်လာမယ်၊ဟန်းလာမယ်၊တွေးကြည့်ရင်အများကြီး အများကြီး။သေချာလေ့လာကြည့်ရင်မသင့်တော်ပါဘူး။ကိုယ့်ဖုန်းကိုကိုယ်ချစ်တယ်။ရေရှည်မှာကောင်းကောင်းသုံးချင်တယ်ဆိုရင်ပေါ့။တရုတ်Androidစက်ရုပ်ဖုန်းတွေကိုတော့မပြောလိုပေမယ့်Samsungလိုအကောင်းစားဖုန်းတွေကိုတရုတ်softwareတွေနဲ့rootမဖောက်ပါနဲ့။Samsungကိုတရုတ်နဲ့ဖောက်ခြင်းဟာကိုယ့်သမီးကိုကုလားနဲ့ပေးစားတာနဲ့အတူတူပါပဲ။Samsungဖုန်းများကိုဖြစ်နိုင်လျှင်ကွန်ပျူတာအသုံးပြုပြီးonlineကတစ်ဆင့်CF Auto Rootနဲ့ပဲrootကြပါလို့အကြံပေးချင်ပါတယ်။Samsungကိုမှန်ကန်သောrootဖောက်နည်းနောက်တစ်မျိုးကCWMသွင်းပြီးRoot Zipဖိုင်ကိုCWMကနေInstalleနည်းပါပဲ။ကွန်ပျူတာအခက်အခဲရှိရင်တောင်ဆိုင်မှာလုပ်ခိုင်းသင့်ပါတယ်။တရုတ်softwareတွေနဲ့အလွယ်လိုက်ပြီးဖောက်လိုက်လို့ရေရှည်မှာပြသနာerrorတက်ရင်rootကြောင့်လို့တစ်ချို့ကထင်တယ်။အမှန်တော့ကိုယ့်အမှားပါ။
တစ်ချို့ကဖုန်းကိုrootဖောက်ပြီးလျှင်ဖုန်းပိုပူလာတယ်၊ပိုထစ်လာတယ်ဆိုပြီးUnroot softwareတစ်ခုခုနဲ့rootပြန်ထုတ်တတ်ကြတယ်။ဒါမှားပါတယ်မrootခင်ကသေချာစဉ်းစားရမှာဖြစ်ပါတယ်။rootပြီးသားဖုန်းတစ်လုံးကိုUnrootပြန်လုပ်ယုံနဲ့ဘာအကျိုးကျေးဇူးမှရရှိလာမှာမဟုတ်ပါဘူး။သဘောကအိုပြီးသွားတဲ့အပျိုတစ်ယောက်ဟာပြန်မပျိုတော့ပါဘူး။Rootမကြိုက်လို့rootပြန်ဖြုတ်ချင်ရင်Firmwareသာအသစ်ပြန်တင်လိုက်ပါ။ဒီတစ်နည်းပဲရှိပါတော့တယ်။
စက်ရုပ်ဖုန်းလက်ဝယ်ကိုင်ဆောင်ထားလျှင်rootဖောက်ကြပါ။ဒါမှသူများလန်းသလိုကိုယ်လည်းလန်းမယ်။စိတ်ကြိုက်ချယ်လှယ်နိုင်မယ်။စိတ်ကြိုက်softwareသုံးနိုင်မယ်။အသိပညာဗဟုသုတတိုးပွားမယ်။
ဒါပေမယ့်....rootနည်းမှန်ပါစေ

သက်ဆိုင်သူကကိုcreditပေးပါတယ်

No comments:

Post a Comment